ပုလဲမြို့နယ်က စစ်ရှောင်အိမ်ထောင်စု ၄၀ ကျော်ကို စောင်ထောက်ပံ့

0 1
0 1

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၄၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်းက စစ်ရှောင်အိမ်ထောင်စု ၄၂ စုကို ဖေဖော်ဝါရီ ၃ ရက်မှာခြုံစောင်တွေထောက်ပံ့ပေးခဲ့တယ်လို့ Black Shadow PDF ဆီက သိရပါတယ်။

“ကျနော်တို့ နွေ၊ မိုး၊ ဆောင်း အဆင်ပြေအောင်လို့ စောင်တွေ သွားလှူပေးတာ၊ ကျနော်တို့ အိမ်ထောင်စု ၄၂ စုကို သွားရောက်လှူဒါန်းပေးခဲ့တာ၊ ၉ သိန်းခွဲဖိုးလောက်ရှိတယ်ဗျ၊ မနှစ်ကကတည်းက စစ်ဘေးရှောင်နေကြရတာ၊ အခုကျမှ စစ်ဘေးရှောင်သီးသန့်ဆိုပြီး နေရာတွေရှိတာ၊” လို့ Black Shadow PDF ပြန်ကြားရေးနဲ့ ဘဏ္ဏာရေးတာဝန်ခံ ကိုမျိုးက ပြောပါတယ်။

ပြည်ပရောက်ဦးစိန်နဲ့ မောင်နှမတစုက အဓိကထောက်ပံ့ပေးမှုကို Black Shadow PDF ကတဆင့်ခံသွားရောက်ထောက်ပံ့ပေးခဲ့တာလို့ ဆိုပါတယ်။

စုစုပေါင်း အိမ်ထောင်စု ၁၅၀ ရှိပေမယ့် ၄၂ စုကိုသာထောက်ပံ့ပေးနိုင်ခဲ့တာလို့ Black Shadow PDF ပြန်ကြားရေးနဲ့ ဘဏ္ဏာရေးတာဝန်ခံ ကိုမျိုးက ပြောပါတယ်။

အဲ့ဒီစစ်ရှောင်တွေဟာ ပုလဲမြို့နယ်၊ ကျေးရွာတရွာက ရှောင်တိမ်းနေကြသူတွေဖြစ်ပြီး အဲ့ဒီကျေးရွာကို ၂၀၂၄၊ ဖေဖော်ဝါရီလမှာ စစ်ကောင်စီတပ်တွေမီးရှို့ခဲ့တဲ့အတွက် အိမ်ခြေ ၄၂ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။