myaelatt athan

Sharing Information to the Local

⁨PDF တွေစစ်ဆေးရေးလုပ်ချိန်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးဟုဆို (ရုပ်/သံ)

0 1
0 1

မြေလတ်အသံ၊ မတ် ၂၈၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ ရန်ကုန်-ပြည်လမ်းပိုင်းမှာ မတ် ၂၇ ရက် မနက်ပိုင်းက ခရီးသွားကားတွေကို စစ်ဆေးမှုပြုလုပ်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ အမှတ် -၂ စစ်ဒေသခွဲ ကထုတ်ပြန်ပါတယ်။

အဲ့ဒီစစ်‌‌‌‌‌‌ဆေးမှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ဆင်ရေးနယ်မြေ (၂)၊ တိုင်းစစ်ဌာန (ပဲခူး) ကွပ်ကဲမှုအောက်ရှိ ဗျူဟာ (၂၂) ကလုပ်ဆောင်ခဲ့တာဖြစ်ပြီး မနက် ၆ နာရီ ဝန်းကျင်ကနေ မနက် ၇ နာရီကျော်အထိ စစ်ဆေးခဲ့တာလို့ ဗျူဟာ ၂၂ တပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

“ရန်ကုန် ပြည်လမ်း ကားလမ်းပေါ်မှာ စစ်ဆေးမှု လုပ်ဆောင်တာပါ၊ စစ်ဆေးနေချိန်မှာ စစ်ကောင်စီဘက်ကဘာမှတုံ့ပြန်တာမျိုးမရှိဘူး၊ ကျနော်တို့ ပြန်မှ သူတို့(စစ်ကောင်စီ) အဲ့နားဝန်းကျင်ကို ကင်းပုန်းလာဝပ်တာမျိုးတော့ရှိပါတယ်”လို့ဗျူဟာ (၂၂)တပ်ဖွဲ့ဝင် ရဲဘော်တဦးကပြောပါတယ်။

မတ် ၂၇ ရက်နေ့မနက် ၆ နာရီမှာလည်း ရန်ကုန်-မန္တလေး လမ်းဟောင်း၊ အုတ်တွင်းမြို့နယ် ညောင်ခြေထောက်ကျေးရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ဆင်ရေးနယ်မြေ (၂)၊ တိုင်းစစ်ဌာန (ပဲခူး) ကွပ်ကဲမှုအောက်ရှိ ဗျူဟာ ၂၃၊ ၃၅၀၂ စစ်တောင်းစစ်ကြောင်းက စစ်ဆေးရေးလုပ်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ အမှတ် -၂ စစ်ဒေသခွဲ မှာဖော်ပြထားပါတယ်။

အဲ့ဒီလမ်းပိုင်းကို စစ်ဆေးနေချိန် မနက် ၇ နာရီ ၄၅ မိနစ်ခန့်မှာ ညောင်ခြေထောက် ရဲစခန်းကထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပါ ကင်းပုန်းဝပ်စစ်ကောင်စီတပ်ဖွဲ့တွေ နဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ဆိုထားပါတယ်။

သတင်း – မင်းခန့်၊ တည်းဖြတ် – HP၊

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။