မိုင်းကွင်းထဲ ဝင်နားမိလို့ ၃ပွင့်ဗိုလ်အပါအဝင် စစ်သား ၁၅ ဦးကျော်သေဆုံး

0 1
0 1

စစ်ကိုင်း၊ မေ ၂၉၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်း၊ ချင်းဆိုင်ရွာမြောက်ဘက် စိန်ချောင်းမြောင်းဘောင်နားက မိုင်းကွင်းထဲမှာ နားနေတဲ့စစ်ကြောင်း မိုင်းဆွဲခံရပြီး စစ်ကောင်စီဘက်က ၃၀ နီးပါး ထိခိုက်ခဲ့ပြီး ၃ပွင့် ဗိုလ်၁ဦးအပါအဝင် ၁၅ဦးကျော် သေဆုံးထားပြီးဖြစ်တယ်လို့ သိရပါတယ်။

မေလ ၂၇ရက် မနက် ၈နာရီဝန်းကျင်မှာ အင်အား ၈၀ ကျော်ပါတဲ့စစ်ကြောင်း မိုင်းကွင်းထဲ‌နားနေချိန်မှာ တိုက်ခိုက်ခဲ့တာဖြစ်လို့ ၃၀ နီးပါး ထိခိုက်ပြီး သေဆုံးအရေအတွက် တိုးနေဆဲဖြစ်ပါတယ်။

ဒါ့အပြင်နေ့လယ် ၁၂နာရီမှာတော့ အဲ့ဒီဒဏ်ရာရစစ်ကြောင်းကို လာခေါ်တဲ့ စစ်ကူတပ်ဖွဲ့ဟာ သာစည်ချောင်းမကြီးနားမှာ ထပ်ပြီး မိုင်းဆွဲတိုက်ခိုက်ခံရကာ တပ်သား ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးများတယ်လို့ ဆိုပါတယ်။

“ခွဲတဲ့မိုင်းကွင်းက UG ထောင်ထားတဲ့ကွင်း၊ စစ်ကြောင်းအထဲဝင်လာလို့ ခွဲတာ။ မနက်ပိုင်းလည်း တိုက်ပွဲဖြစ်ကြသေးတယ်။ တဲပေါ်ကို အလောင်းတွေတင်ပြီး တဲလိုက်ကြီးပါ သယ်သွားတယ်။ မိုင်းဆွဲခံရလို့ သေသွားတဲ့ဗိုလ်က ကလေးမှာ တာဝန်ကျတာ သိပ်မကြာသေးဘူး” လို့ UG အဖွဲ့နဲ့နီးစပ်တဲ့ PDF ရဲဘော်တဦးက ပြောပါတယ်။

တရက်ထဲ ၂ ကြိမ်ဆက်တိုက် မိုင်းဆွဲခံရလို့ ကလေးမြောက်ပိုင်းတပ်က ၃ပွင့်ဗိုလ်ကြီး တင်ကျော်ထွေးအပါအဝင် တပ်သား ၂၉ ဦး ပျူစောထီး အမျိုးသမီး ၁ ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဗိုလ်ကြီး တင်ကျော်ထွေး သေဆုံးတာကို တပ်တွင်းသတင်းပေးတွေ‌ကတဆင့် အတည်ပြုထားနိုင်ပြီး မိုင်းထိမှန်ထားတဲ့ အယောက် ၃၀ကျော်အနက် ကုသနေရင်း ထပ်မံသေဆုံးတာတွေလည်း ရှိတဲ့အတွက် သေဆုံးအရေတွက် အတိအကျကတော့ အတည်ပြုနေဆဲဖြစ်ပါတယ်။

မေလ ၂၇ရက်နေ့က VAKOK CNDF၊ ကလေးမြို့ပြပြောက်ကျားစီမံချက် UG၊ ကလေးပကဖ စတဲ့အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် မေလ၂၈ရက် မနေ့ကလည်း ကလေးမြို့ ၂၂၈ တပ်ကနေ ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး စစ်ကြောင်းတခုက GTC ထဲကနေ မြို့ပေါ်ကို ဆုတ်ခွာချိန် ပြည်သူ ၅ဦးကို လူသားဒိုင်းအဖြစ်ခေါ်သွားတယ်လို့ သိရပါတယ်။

စာတည်း – ဇို

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။