မုံရွာ GTC မှာ ကင်းစောင့်နေတဲ့ စစ်သားတွေ ပစ်ခံရလို့ ၃ ဦး သေဆုံးဟုဆို

0 1
0 1

စစ်ကိုင်း၊ မေ ၁၆၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ၊ မြို့သစ်ရပ်ကွက်က GTC ကျောင်းမှာ ကင်းစောင့်နေတဲ့ စစ်သားတွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့ ၃ ဖွဲ့ ပူးပေါင်းပြီး သွားရောက်တိုက်ခိုက်ခဲ့လို့ စစ်သား ၃ ဦး သေဆုံးတယ်လို့ ဒဿ Monywa PDF ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

မေလ ၁၅ ရက် မနေ့က မနက် ၉ နာရီဝန်းကျင်မှာ မုံရွာမြို့က GTC ကျောင်း ဘန်ကာထဲမှာ ကင်းစောင့်နေတဲ့ စစ်သား ၅ ဦးကို အနီးကပ်သွားရောက်တိုက်ခိုက်ခဲ့တာလို့ ဒဿ Monywa PDF ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ဒဿက ပြောပါတယ်။

“ကျနော်တို့အနေနဲ့ GTC ကျောင်းကိုလုပ်ဖို့ဟာ ၃ ရက်ကြာခဲ့တယ်။ ပထမနေ့မှာ ကျနော်တို့ ဝင်ရောက်ပစ်ခတ်မှုမရခဲ့ဘူး။ ဒုတိယနေ့မှာလည်း ပစ်ခတ်လို့မရခဲ့ဘူး။ ၃ ရက်မြောက်တဲ့နေ့မှာပဲ ကျနော်တို့ရဲဘော်တွေ ဝင်ရောက်ပစ်ခတ်နိုင်ခဲ့တယ်။ ရဲဘော်တွေ ၂ ယောက်ထဲတက်ပြီး ဝင်ရောက်ပစ်ခတ်ခဲ့တာ။ ခွေးတွေဘန်ကာထဲဝင်တဲ့အချိန်မှာ ဝင်ရောက်ပစ်ခတ်ခဲ့တာ။” လို့ ဗိုလ်ဒဿက ပြောပါတယ်။

၃ဖွဲ့ပေါင်း အင်အား ၁၀ယောက်ကျော်လောက်နဲ့ သွားခဲ့ပြီး ရဲဘော် ၂ယောက်ကပဲ ဘန်ကာထဲနေရာယူတဲ့အချိန် အနီးကပ်သွားပစ်ခဲ့တာကြောင့် ၃ဦးသေဆုံးခဲ့ကြောင်း မျက်မြင်တွေ့သူတွေက ပြောတယ်လို့ ဆိုပါတယ်။

“မျက်မြင်တွေပြောတာက အလောင်းတွေကို ဆွဲသွားတယ်လို့ပဲပြောတာ။ အဲဒီ့ GTC ကျောင်းထဲမှာပဲ ဆွဲသွားတာ” လို့ ဗိုလ်ဒဿက ပြောပါတယ်။

မျက်မြင်တွေနဲ့ သွားပစ်တဲ့ ရဲဘော်တွေရဲ့ ပြောဆိုချက်အရ စစ်သား ၃ ဦး သေဆုံးတယ်လို့ သိရပေမယ့် ထိခိုက်သေဆုံးမှု အသေးစိတ်ကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။

တိုက်ခိုက်မှုကို ဒဿ Monywa PDF ပြောက်ကျားတပ်ဖွဲ့ ၊ Monywa Fighter Group နဲ့ Bo Tathaung People’s Defense Force . BTT PDF တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

စာတည်း- ဇို

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။