မိုခါမုန်တိုင်းကြောင့် ပေါက်တောင်ပိုင်းရွာတွေမှာ ကျပ်သိန်း ၂,၀၀၀ နီးပါး ပျက်စီးဆုံးရှုံးဟုဆို

0 1
0 1

မကွေး၊ မေ ၁၅၊ ၂၀၂၃။

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်းမှာ ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးသွားတဲ့ ပမာဏဟာ ကျပ်သိန်း ၂,၀၀၀ လောက်ရှိတယ်လို့ Successful Force – Pauk အဖွဲ့ထံကသိရပါတယ်။

မေ ၁၃ ရက်နဲ့ ၁၄ ရက်မှာ မိုခါမုန်တိုင်းကြောင့် လူနေအိမ်တွေ၊ ပရိဘောဂပစ္စည်း၊ စက်ပစ္စည်းမျိုးစုံ၊ တိရစ္ဆာန်နဲ့ စားနပ်ရိက္ခာတွေ၊ နွေနှမ်းစိုက်ခင်းတွေ ပျက်စီးဆုံးရှုံးတာ၊ ရေထဲမျောပါတာတွေ ဖြစ်ခဲ့ရတယ်လို့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုလိပ်ပြာက မြေလတ်အသံကိုပြောပါတယ်။

ပေါက်တောင်ပိုင်းမှာ စစ်ဘေးရှောင်နေကြတဲ့ ပြည်သူတွေရဲ့ ကျေးရွာ ၁၂ ရွာက တဲအလုံး ၅၀ ကျော်၊ နွေနှမ်းစိုက်ဧက ၅၀၀ ကျော်၊ ဓါတ်ဆီ/ဒီဇယ်ရေစုပ်စက်၊ ဆိုင်ကယ်၊ စက်လှေ၊ လက်တွန်းထွန်စက်၊ ဂွန်ဒေါင်းစက်၊ ကုတင်၊ ဗီရို၊ ကျွဲ၊ နွားနဲ့ ရိက္ခာတွေ ရေထဲမျောပါကာ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ဆိုပါတယ်။

“လေရော၊ မိုးရော နှစ်ရက်ဆက်တိုက်ချတာ။ ဒီနေ့တော့ မိုးရွာတာရော၊ လေတိုက်တာရော မရှိတော့ပါဘူး။ ရေထဲမျောတာရော လေတိုက်လို့ ပျက်စီးတာရော အကုန်လုံးဆိုရင် သိန်း ၂,၀၀၀ နီးပါးလောက်ရှိမယ်လို့ ခန့်မှန်ထားပါတယ်” လို့ ကိုလိပ်ပြာက ပြောပါတယ်။

စာတည်း – လင်းဇေ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။