10 July 2026 9:17 PM

တပ်ဖွဲ့ ၁၉ ခုပါဝင်တဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုကို BNRA ကြိုဆို

0 22
0 22

◼ ကျန်နေသေးတဲ့ နွေဦးတော်လှန်ရေး အင်အားစုတွေကိုလည်း ဖိတ်ခေါ်သွားမယ်လို့ဆို

မြေလတ်အသံ၊ ဒီဇင်ဘာ ၁၆၊ ၂၀၂၅။

အာဏာသိမ်းစစ်တပ်ကို တော်လှန်တိုက်ခိုက်နိုင်ဖို့အတွက် တော်လှန်ရေးတပ်ဖွဲ့ ၁၉ ဖွဲ့ပူးပေါင်းကာ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (Spring Revolution Alliance – SRA)ကို ဖွဲ့စည်းလိုက်တယ်လို့ ဒီဇင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။

SRA အနေနဲ့ တပ်ပေါင်းစုအတွင်းကို မပါဝင်နိုင်သေးတဲ့ အခြားသော နွေဦးတော်လှန်ရေး အင်အားစုတွေကိုလည်း မူဝါဒသတ်မှတ်ချက်တွေနဲ့အညီ ထပ်မံဖိတ်ခေါ်သွားမှာဖြစ်ပြီး တပ်ပေါင်းစုရဲ့ ရှေ့ဆက်လုပ်ငန်းစဉ်တွေ အကောင်အထည်ပေါ်လာစေရန် အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ပြောဆိုထားပါတယ်။

ပုံစာ – နွေဦးတော်​တော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု(Spring Revoluti on Alliance – SRA)ရဲ့အဖွဲ့ဝင်ဖြစ်တဲ့ ကျောင်းသားလက်ရုံးတပ်တော်(SAF)မှ တပ်ဖွဲ့ဝင်များ စစ်ရေးပြနေစဥ်။ (ပုံဟောင်း)

နွေဦးတော်လှန်ရေးရဲ့ အလှည့်အပြောင်းဖြစ်တဲ့”စစ်ရေးကဏ္ဍ” ကို ပိုမိုကောင်းမွန်တဲ့ အခြေအနေတခုဆီကို မြှင့်တင်နိုင်ဖို့ အဓိကထားပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ ခိုင်မာကျယ်ပြန့်တဲ့ “မဟာမိတ်တပ်ပေါင်းစု” ဖွဲ့စည်းနိုင်ခြင်းအပေါ် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အနေနဲ့ ဝမ်းမြောက်ဂုဏ်ယူစွာကြိုဆိုတယ်လို့ ထုတ်ပြန်လာပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း နိုင်ငံတဝှမ်း ပိုမိုကောင်းမွန်တဲ့ရလဒ်တွေအကောင် အထည်ဖော်နိုင်ရေးအတွက် မဟာမိတ်တပ်ပေါင်းစုအားအင်ဟာ မျှော်လင့်ချက်ရောင်နီ ဖြစ်တာကြောင့် SRA ရဲ့စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်တွေ အနှေးနဲ့အမြန် အကောင်အထည်ဖော်နိုင်ပါစေကြောင်းလည်း ဒီဇင်ဘာ ၁၆ ရက်ဒီကနေ့ထုတ်ပြန်တဲ့ သဝဏ်လွှာမှာ BNRA က ပြောဆိုထားပါတယ်။

ပုံစာ – နွေဦးတော်​တော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု(Spring Revoluti on Alliance – SRA)ရဲ့အဖွဲ့ဝင်ဖြစ်တဲ့ ကျောင်းသားလက်ရုံးတပ်တော်(SAF)မှ တပ်ဖွဲ့ဝင်များ စစ်ရေးပြနေစဥ်။ (ပုံဟောင်း)

အခုလို နွေဦးတော်လှန်ရေးတပ်ပေါင်းစုတရပ် ပေါ်ပေါက်လာစေဖို့ရည်ရွယ်ပြီး တော်လှန်ရေးတပ်ဖွဲ့ ၇ ဖွဲ့ဟာ ၂၀၂၅ မေလမှာ စတင်ညှိနှိုင်းဆောင်ရွက်ခဲ့ကြပြီးနောက် နိုဝင်ဘာလပထမအပတ်မှာ တပ်ဖွဲ့ ၁၄ ဖွဲ့နဲ့ ကနဦးတွေ့ဆုံဆွေးနွေးပွဲတရပ် ပြုလုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီဆွေးနွေးပွဲမှတဆင့် ဘုံသဘောတူညီချက်တွေရရှိလာခဲ့ပြီး ထပ်မံဖိတ်ကြားသင့်တဲ့အဖွဲ့တွေကို ဖိတ်ခေါ်လျက် တပ်ပေါင်းစုဖြစ်မြောက်ရေးညီလာခံတရပ်ကို လွတ်မြောက်နယ်မြေတနေရာမှာ နိုဝင်ဘာ ၂၁ ရက်ကစတင်ကာ ၃ ရက်တာ ကျင်းပပြုလုပ်ခဲ့တာပါ။

ပုံစာ – နွေဦးတော်​တော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု(Spring Revoluti on Alliance – SRA)ရဲ့အဖွဲ့ဝင်ဖြစ်တဲ့ ကျောင်းသားလက်ရုံးတပ်တော်(SAF)မှ တပ်ဖွဲ့ဝင်များ စစ်ရေးပြနေစဥ်။ (ပုံဟောင်း)

အဆိုပါညီလာခံမှာ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (Spring Revolution Alliance – SRA)ကို အဖွဲ့ဝင်တပ်ဖွဲ့ ၁၉ ဖွဲ့နဲ့ ဖွဲ့စည်းနိုင်ခဲ့တယ်လို့ SRA ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒါ့အပြင် ညီလာခံအတွင်းမှာ တပ်ပေါင်းစုရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းတွေ ဆွေးနွေးအတည်ပြုတာ၊ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်တာနဲ့တော်လှန်ရေးကတိကဝတ်ပြု လက်မှတ်ရေးထိုးတာတို့ကိုလည်း ဆောင်ရွက်ခဲ့ကြတယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုအဖွဲ့ဝင်တွေကတော့ ချင်းညီနောင် (CB)၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLF)၊ ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ ယောတပ်တော် (YA)၊ ယောကာကွယ်ရေးတပ် (YDF)၊ Force Federal Democracy (FFD)၊ GZA (Generation Z Army)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ကလေးဒေသတော်လှန်ရေးတပ် (KRF)၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MAGWAY PDF)၊ 96 Soliders၊ ဗမာ့တပ်တော် (BA)၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်( BPLA)၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA)၊ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA)၊ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့-ခမ်းကောင်/ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ် (ခမ်းဒေါမ်) (PNDF-KK/ PPDF-KD)၊ စစ်ကိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (SAGAING PDF) တို့ဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။