ထန်းတပင်မြို့နယ်မှာ ကလေးငယ် ၅ ဦးအပါ ပြည်သူ ၁၈ ဦးကို စစ်တပ်က မီးရှို့သတ်ခဲ့

0 1
0 1

ပဲခူး၊ မေ ၁၂၊ ၂၀၂၃။

ပဲခူးတိုင်းအရှေ့ခြမ်း၊ ထန်းတပင်မြို့နယ်၊ ညောင်ပင်သာကျေးရွာမှ ကလေးငယ် ၅ ဦးအပါအဝင် ပြည်သူ ၁၈ ဦးကို စစ်တပ်က သတ်ဖြတ်မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

ထန်းတပင်မြို့နယ်၊ ညောင်ပင်သာကျေးရွာ မြောက်ကမ်းအနီးမှာ မေလ ၁၀ ရက်၊ မနက် ၁၀ နာရီ လောက်ကနေ ညနေပိုင်းအထိ ထန်းတပင်မြို့နယ်အခြေစိုက် ခလရ ၇၃ နဲ့ KNU၊ PDF ပူးပေါင်းမဟာမိတ်အဖွဲ့တို့ တိုက်ပွဲဖြစ်ချိန် စစ်ကောင်စီဘက်က အရာရှိအပါ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

အဲ့ဒီနောက် စစ်ကောင်စီဘက်က ညောင်ပင်သာရွာထဲကို စစ်ကြောင်းထိုးဝင်လာပြီး ရွာသားတွေကို ဖမ်ဆီးသတ်ခဲ့တာလို့ ထန်းတပင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“သတ်ဖြတ်မီးရှို့​ခံရသူတွေထဲမှာ အသက် ၅ နှစ်အရွယ်ကနေ အသက် ၇၀ ကျော်အထိ ပါတယ်၊ စစ်တပ်က သူတို့လူတွေ မိုင်းဆွဲခံထိပြီး အထိနာသွားလို့ ပြည်သူတွေကို အကြောင်းမဲ့သတ်သွားတာ။ ခုချိန်ထိ စုံစမ်းသိရသလောက် ၁၈ ဦးသတ်ခံရတယ်။ အသတ်ခံရသူတွေထဲမှာ အမျိုးသား ၈ ဦးနဲ့ အမျိုးသမီး ၁၀ ဦးပါတယ်” လို့ ပြောပါတယ်။

အသတ်ခံထားရတဲ့ အလောင်းတွေကိုတော့ စစ်ကောင်စီတပ်တွေ ရွာကထွက်သွားပြီးနောက် မေလ ၁၁ ရက်ညနေပိုင်းမှာ ကာကွယ်ရေးတပ်တွေ နယ်မြေရှင်းလင်းရေးဝင်လုပ်ချိန်ကျမှ တွေ့ရှိခဲ့တာပါ။

တွေ့တဲ့အချိန်မှာ ခန္ခာကိုယ်တွေကို မီးရှို့ခံထားရတဲ့ အနေအထားရှိတာကြောင့် သတ်ပြီးမှ မီးရှို့တာလား၊ မီးရှို့ပြီးမှ သတ်ခဲ့တာလား ဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။

သေဆုံးသူတွေမှာ (၁) ဒေါ်ခင်ရီ ၆၈ နှစ်၊ (၂) မသန်းသန်းဆွေ ၃၅ နှစ်၊ (၃) အာကလပ်စိန် ၁၀ နှစ်၊ (၄) ဦးဝင်းမြိုင် ၇၀ နှစ်၊ (၅) ကိုဇော်မိုးအောင် ၄၀ နှစ်၊ (၆) မသူဇာ ၄၀ နှစ်နဲ့ (၇) သားဖြစ်သူ ၁၅ နှစ်၊ (၈) သားဖြစ်သူ ၇ နှစ်၊ (၉) ဒေါ်ချွတ်တိ ၅၈ နှစ်၊ (၁၀) မတင်ဆန်း ၅၃ နှစ်၊ (၁၁) မခင်အုံး ၅၅ နှစ်၊ (၁၂) မတင်အုံး ၅၃ နှစ်၊ (၁၃) မသန်းဝေ ၂၈ နှစ်နဲ့ (၁၄) ၅ နှစ်အရွယ် သားတဦး၊ (၁၅) ကိုတိုးတိုး ၅၃ နှစ်နဲ့ (၁၆) သားဖြစ်သူ ၉ နှစ်၊ (၁၇) သမီးဖြစ်သူ ၁၈ နှစ်၊ (၁၈) ဦးကျော်သိန်း ၅၅ နှစ်တို့ ဖြစ်တယ်လို့ မြေပြင်စာရင်းကောက်သူတွေရဲ့ တင်ပြချက်အရ သိရပါတယ်။

ဒါ့အပြင် သေဆုံးသူတွေဟာ မိသားစု ၃ စုကသာ ဖြစ်တယ်လို့ ပြောဆိုတာမျိုးတွေ ရှိပေမယ့် မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။