သရက်ခရိုင်တပ်ရင်း ၄ ရဲ့ စစ်အခြေခံသင်တန်းအမှတ်စဥ် ၁၁ ဆင်းပွဲကို AAနဲ့ SAF က တက်ရောက်ဂုဏ်ပြု

0 15
0 15

မြေလတ်အသံ၊ ဒီဇင်ဘာ ၇၊၂၀၂၅။

မကွေးတိုင်း၊ သရက်ခရိုင်အတွင်းပြုလုပ်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့အပတ်စဥ် ၁၁ စစ်သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာ ၅ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

သရက်ခရိုင်တပ်ရင်း ၄ ရဲ့ တပ်ဖွဲ့ဝင်သစ် သင်တန်းသား ၅၀ ကျော် စစ်အခြေခံသင်တန်းဆင်းခဲ့တာဖြစ်ပြီး အခမ်းအနားကို ဒီဇင်ဘာ ၅ ရက် မနက် ၉ နာရီကနေ မွန်းလွဲ ၁၂ နာရီအထိ ကျင်းပခဲ့တာဖြစ်ကာ သင်တန်းဆင်းပွဲမှာ မဟာမိတ်တပ် အာရက္ခတပ်တော် -AA နဲ့ ကျောင်းသားလက်ရုံးတပ် – SAF ရဲ့တာဝန်ရှိသူတွေ တက်ရောက်ဂုဏ်ပြုခဲ့ကြတယ်လို့ သရက်ခရိုင်တပ်ရင်း ၄ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ကိုမြတ်က ပြောပါတယ်။

” သင်တန်းဆိုတာ ကျနော်တို့တပ်ရင်း၊ တပ်ဖွဲ့တွေအတွက် တပ်တည်ဆောက်ရေးမှာအခြေခံဖြစ်တဲ့ စစ်သင်တန်းတခုကို အပတ်စဥ် ၁၁ အထိပြီးခဲ့တာပေါ့လေ။ ကျနော်တို့ ဒေသ၊ ကိုယ့်တပ်ရင်း၊ ကိုယ့်အနေထားအလျောက် ရတဲ့ရဲဘော်သစ်တွေကို (သင်တန်း)ပေးလာခဲ့တာဖြစ်တယ်။ ကျနော်တို့အနေနဲ့ကတော့ တော်လှန်ရေးမှာ လက်နက်ကိုင်တပ်တခုအနေနဲ့ လက်နက်ကိုင်စစ်တပ်တတပ်အနေနဲ့ စံတွေ၊ စံနှုန်းတွေ၊ ကျင့်ဝတ်တွေနဲ့ တပ်ပုံစံကျအောင် တည်ဆောက်နေတာဖြစ်ပါတယ်။” လို့ သူက ပြောပါတယ်။

သင်တန်းဆင်းပွဲမှာ လက်ဖြောင့်ဆု၊ ဇွဲဆု၊ စစ်ရေးပြအကောင်းဆုံးဆု၊ စံပြကျောင်းသားဆုတွေ ပေးအပ်ခဲ့ပြီး သင်တန်းသား ၄ ဦးက ဆုတွေ အသီးသီးရရှိခဲ့တယ်လို့ အထက်ပါတာဝန်ခံကဆိုပါတယ်။

အခမ်းအနားကို သင်တန်းဆင်းစစ်ကြောင်းမှ စစ်ရေးပြကွင်းအတွင်း ဝင်ရောက်နေရာယူတာနဲ့ဖွင့်လှစ်ခဲ့ပြီး ၊ အလံတော်အလေးပြုတာ ၊ သစ္စာအဓိဋ္ဌာန် ၄ ချက် ဆိုတာ ၊ တပ်ရင်းမှူးမှ မိန့်ခွန်းပြောကြားတာ ၊ ထူးချွန်ဆုရ သင်တန်းသားတွေကို ဆုပေးတာ၊ ဖျော်ဖြေရေးအစီအစဥ်တွေ ၊ အားကစားပြိုင်ပွဲတွေနဲ့အတူအောင်မြင်စွာ ကျင်းပခဲ့တယ်လို့သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။