စစ်ထောက်လှမ်းရေးတွေရှိနေတဲ့နယ်က တန့်ဆည်ပင်မသပိတ်စစ်ကြောင်း

0 1
0 1

တန့်ဆည်၊ မေ ၄၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တနေရာမှာ အခက်ခဲတွေရှိနေတဲ့ကြားက တန့်ဆည်ပင်မသပိတ်က ဦးဆောင်ပြီး ကျေးရွာပြည်သူတွေနဲ့အတူ သပိတ်စစ်ကြောင်းထွက်ခဲ့တယ်လို့ သိရပါတယ်။

မေလ ၄ ရက် ဒီကနေ့မနက်ပိုင်းက “ဖိရင်ကြွထိရင်ချ နိုင်ငံသစ်ကိုတည်ဆောက်ကြ၊ လွတ်မြောက်မှုဟူသည် အလကားမရ” စတဲ့ စာသားပါ ဘန်နာတွေကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြတယ်လို့ ဆိုပါတယ်။

“စစ်ကောင်စီတပ်က ထောက်လှမ်းရေးတွေနဲ့ လိုက်နေတယ်၊ အဓိက စစ်ရေးအခြေအနေကိုပေါ့၊ သူတို့ ခံရတာများတော့ သပိတ်ကိုလည်း အာရုံစိုက်လာတယ်၊ အင်အားလည်း ကောင်းတယ်လေ။ ဒါကြောင့် အခုတလော သပိတ်ကိုအာရုံပြောင်းလာကြတာ၊ ခုထိတော့ အဆင်ပြေပါသေးတယ်”လို့ တန့်ဆည်ပင်မသပိတ် တာဝန်ရှိသူတဦးက ပြောပါတယ်။

သပိတ်စစ်ကြောင်းမှာ ကြွေးကြော်သံတွေနဲ့အတူ ရွာလှည့်သပိတ်၊ ထိုင်သပိတ်တွေပြုလုပ်ခဲ့ပြီး သပိတ်ဦးဆောင်သူတွေက သပိတ်တရားဟောပြောတာတွေ လုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။