13 July 2026 12:41 AM

စစ်အာဏာသိမ်းကာလ ၄ နှစ်ကျော်အတွင်း နေအိမ် ၁ သိန်းကျော်မီးရှို့ခံထားရ

0 6
0 6

မြေလတ်အသံ၊ နိုဝင်ဘာ ၂၄၊ ၂၀၂၅။

၂၀၂၁၊ စစ်အာဏာသိမ်းချိန်ကစလို့ ၄ နှစ်ကျော်ကာလအတွင်း နိုင်ငံတဝန်း နေအိမ် ၁ သိန်းကျော် (၁၁၆,၈၉၇) မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ သုသေသနအဖွဲ့တခုဖြစ်တဲ့ Data For Myanmar ရဲ့ အခုနှစ် နိုဝင်ဘာ ၂၂ ရက်ထုတ် အစီရင်ခံစာမှာ ဖော်ပြပါတယ်။

စစ်ကိုင်းတိုင်းမှာ နေအိမ် ၇၆,၉၉၀၊ မကွေးတိုင်းမှာ ၁၆,၄၇၀၊ မန္တလေးတိုင်းမှာ ၈,၆၂၁၊ ရခိုင်ပြည်နယ်မှာ ၆,၁၂၆၊ ကချင်ပြည်နယ်မှာ ၁,၉၇၉၊ ချင်းပြည်နယ်မှာ ၁,၉၆၃၊ ပဲခူးတိုင်းမှာ ၁,၅၄၀၊ တနင်္သာရီတိုင်းမှာ ၁,၂၃၅၊ ကရင်နီပြည်နယ်မှာ ၈၃၀၊ ရှမ်းပြည်နယ်မှာ ၆၆၈၊ မွန်ပြည်နယ်မှာ ၂၄၇၊ ကရင်ပြည်နယ်မှာ ၂၀၇၊ ဧရာဝတီတိုင်းမှာ ၂၀၊ ရန်ကုန်တိုင်းမှာ ၁ လုံး မီးရှို့ခံထားရတာပါ။

ဒီပမာဏဟာ ၂၀၂၁ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၅၊ မေလ ၃၀ ရက်ထိကောက်ယူထားတဲ့ ပမာဏဖြစ်ပြီး အဲ့ဒီထဲက နေအိမ်ပေါင်း ၁ သိန်း ၁ သောင်းကျော် (၁၁၃,၀၅၄) လုံးကို စစ်ကော်မရှင်တပ်တွေနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေက မီးရှို့ဖျက်ဆီးခဲ့တာလို့ အစီရင်ခံစာမှာဖော်ပြပါတယ်။

အထက်ပါကိန်းဂဏန်းတွေအရ မီးရှို့ခံထားရတဲ့ တိုင်းနဲ့ပြည်နယ်တွေထဲမှာ စစ်ကိုင်းတိုင်းဟာ တနိုင်ငံလုံးမီးရှို့ဖျက်ဆီးခံထားရတဲ့ အရပ်သားနေအိမ်စုစုပေါင်းရဲ့ ၆၅ ရာခိုင်နှုန်းကျော်ရှိပါတယ်။

နှစ်အလိုက်မီးရှို့ခံရတဲ့ ကိန်းဂဏန်းတွေအရ ၂၀၂၁ မှာ နေအိမ်ပေါင်း ၂,၁၁၁ လုံး၊ ၂၀၂၂ မှာ ၄၆,၈၅၆ လုံး၊ ၂၀၂၃ မှာ ၃၁,၇၂၈ လုံး၊ ၂၀၂၄ မှာ ၃၁,၉၁၆ လုံးနဲ့ ၂၀၂၅၊ မေလကုန်အထိ ၄,၂၈၆ လုံး မီးရှို့ခံရပြီး အဲ့ဒီထဲမှာ ၂၀၂၂ အတွင်းမီးရှို့ခံရတဲ့ နေအိမ်အရေအတွက်ကအများဆုံးဖြစ်တယ်လို့လည်း ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေအကြား စစ်ရေးပဋိပက္ခတွေပြင်းထန်လာခဲ့ပြီး စစ်ကော်မရှင်ဘက်ကလည်း စစ်ကြောင်းထိုးမီးရှို့တာအပြင် ဒေသခံအရပ်သားတွေကိုပါ ပစ်မှတ်ထားသတ်ဖြတ်ကာ လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်တိုက်လုပ်ဆောင်လျှက်ရှိနေတာ ဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။