11 July 2026 12:03 PM

ဧရာဝတီမြစ်အတွင်း ဦးခေါင်းပြတ် ပုတ်ပွနေတဲ့ အမျိုးသားအလောင်းတွေ့

0 3
0 3

မကွေး၊ မေ ၂၊ ၂၀၂၃။

မကွေးတိုင်း၊ မကွေးမြို့နယ်၊ မြင်းကင်းအုပ်စု၊ သင်္ဘောဆိပ်ရွာအနီး ဧရာဝတီမြစ်အတွင်းမှာ ဦးခေါင်းပြတ် ပုတ်ပွနေတဲ့ အမျိုးသားတဦးရဲ့အလောင်းတွေ့ရှိရတယ်လို့ သိရပါတယ်။

မေလ ၁ ရက်နေ့ ညနေ ၅ နာရီလောက်မှာ သင်္ဘောဆိပ်ရွာကမ်းနံဘေးမှာ ကျေးရွာက လူငယ်တွေ ရေချိုးနေချိန် ရေနဲ့အတူ မျောပါလာတဲ့အလောင်းကို တွေ့ရတာလို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

“မြစ်ထဲရေနဲ့ မျောလာလို့ သက်ဆိုင်ရာကို အကြောင်းကြားလိုက်ရတာ။ ပြီးတော့ ကမ်းနားထိလှေနဲ့ဆွဲလာပြီး ကြည့်တော့မှ ခေါင်းကမပါဘူး။ အလောင်းအနေအထားကြည့်ရတာ သတ်ဖြတ်ခံရပြီး ရေထဲမျောခံရတာ တပတ်လောက်ရှိနိုင်တယ်” လို့ ပြောပါတယ်။

အလောင်းတွေ့ရှိတဲ့နေရာရဲ့ မြစ်အထက်ဘက်မှာ မင်းဘူး၊ ရေနံချောင်းမြို့နယ်တွေ ရှိပြီး အဲဒီဘက်ကနေ လူကိုသတ်ဖြတ်ပြီး ရေထဲမျောလိုက်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုကြပါတယ်။

သေဆုံးသူ အမျိုးသားဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ မသိရသေးဘဲ ဦးခေါင်းပြတ်၊ ခြေထောက်ကြိုးချည်၊ ပေါင်တွင်းဒဏ်ရာရရှိ ပုံစံနဲ့သေဆုံးနေတယ်လို့ ဆိုပါတယ်။

သေဆုံးသူအလောင်းကို ဒေသခံတွေက မကွေးပြည်သူ့ဆေးရုံကို သယ်ဆောင်ပို့ပေးခဲ့ရပြီး သက်ဆိုင်ရာကို ရင်ခွဲစစ်ဆေးတာတွေ လုပ်နေတယ်လို့ သိရပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။