အောက်စီဂျင်အိုးဖြည့်နေစဉ် အိုးကွဲပြီး အမျိုးသား ၂ ဦး ဒဏ်ရာရ

0 1
0 1

ကြို့ပင်ကောက်၊ မေ ၁၊ ၂၀၂၃။

ပဲခူးတိုင်း(အနောက်ခြမ်း)၊ ကြို့ပင်ကောက်မြို့နယ်မှာ ယနေ့ မေလ ၁ ရက်နေ့လယ်က ဆွေးမြေ့နေတဲ့ အောက်စီဂျင်အိုးထဲကို အောက်စီဂျင်ထည့်နေချိန် ပေါက်ကွဲတဲ့အတွက် အမျိုးသား ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ကြို့ပင်ကောက်မြို့က အောက်စီဂျင်စက်ရုံကို ပြည်မြို့ကနေ ရန်ကုန်ကိုသွားတဲ့ ပရဟိတလူနာတင်ကားတစီး အောက်စီဂျင်ဝင်ဖြည့်ရာက ပေါက်ကွဲခဲ့လို့ မြို့ခံပရဟိတသမားတဦးနဲ့ စက်ရုံလုပ်သားတဦး ဒဏ်ရာရခဲ့တာလို့ သိရပါတယ်။

“လူနာက အောက်ဆီဂျင်အရေးကြီးနေလို့ ဝင်ဖြည့်တာ စက်ရုံက ၄၀ လီတာထဲကနေ သူတို့ပါလာတဲ့ အိုးထဲကို ၁၀ လီတာ ခွဲထည့်ပေးနေတုန်း သူတို့ (ပြည်မြို့ပရဟိတအသင်း) အိုးခေါင်းကနေဆွေးနေတော့ ထပွင့်ပြီးဝုန်းကနဲဆို အသံမြည်ပြီး ထပေါက်တာ” လို့ မြို့ခံတဦးကပြောပါတယ်။

အောက်စီဂျင်အိုးပေါက်ကွဲတဲ့အတွက် စက်ရုံဝန်ထမ်းတဦးနဲ့ စေတနာ့ဝန်ထမ်းတဦး လက်နဲ့ဗိုက်တို့မှာ မီးဟပ်တဲ့ဒဏ်ရာရခဲ့လို့ ကြို့ပင်ကောက်ပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသထားပြီး ဒဏ်ရာသက်သာမှုရှိတယ်လို့ သိရပါတယ်။

ကြို့ပင်ကောက်မြို့ခံတဦးကလည်း “ပရဟိတအသင်းကဆိုတော့လည်း ငွေကြေးကအစ ခြွေတာတာလည်းဖြစ်မယ်၊ အကြံပြုလိုတာက ဆွေးမြေ့နေတဲ့အိုးတွေကို စိစစ်ပြီးအသုံးပြုကြပါ။ အသက်အန္တရာယ်မစိုးရိမ်ရလို့ တော်သေးတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁၊ နိုဝင်ဘာလ ၁၀ ရက်ကတော့စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်းရပ်ကွက်ရှိ ဗက်သနီ (Bathany) ဆေးခန်းတွင်အောက်စီဂျင်အိုး မတော်တဆမှု​ပေါက်ကွဲမှုကြောင့် အသက် ၅၈ နှစ်အရွယ် အမျိုးသားတဦးနဲ့ အသက် ၆၅ နှစ်အရွယ် အမျိုးသမီးတဦးတို့ သေဆုံးခဲ့ရပါသေးတယ်။

စာတည်း-007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။