မီးဘေးသင့်ပြည်သူ ၇၀၀ ကျော်ကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က မုန့်လက်ဆောင်းတိုက်ကျွေး

0 2
0 2

ဆားလင်းကြီး၊ ဧပြီ ၂၉၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက မီးဘေးသင့်ပြည်သူ ၇၀၀ ကျော်ကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က ဧပြီ ၂၈ ရက် မနေ့က နေ့လယ် ၂ နာရီခန့်မှာ မုန့်လက်ဆောင်းတိုက်ကျွေးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က မီးရှို့သွားလို့ အိမ်ခြေ ၁၂၈ လုံး မီးလောင်ဆုံးရှုံးခဲ့တဲ့ ပြည်သူတွေ တခဏတာ စိတ်အမောပြေစေဖို့ရည်ရွယ်ချက်နဲ့ အခုလို မုန့်လက်ဆောင်းတိုက်ကျွေးရခြင်းဖြစ်တယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ တာဝန်ရှိသူ အမျိုးသမီးတဦးက မြေလတ်အသံကို ပြောပါတယ်။

“မီးရှို့ခံလိုက်ရတဲ့ ကျေးရွာတွေမှာက ဘာသစ်ရိပ်ဝါးရိပ်မှ မရှိဘူး အရမ်းပူတယ်။ အညာဒေသ အပူချိန်က ၄၅ အထိ ဖြစ်နေတော့ အိမ်နဲ့နေတဲ့သူတွေတောင်မှ မနေနိုင်တဲ့အပူချိန်ဆိုတော့ ဒီလိုမျိုး သစ်ရိပ်၊ ဝါးရိပ်မရှိဘဲနဲ့ ပြန်လည်ထူထောင်ပေးထားတဲ့ တဲတွေနဲ့နေရတဲ့ သူတို့လေးတွေရဲ့အပူကို ကိုယ်ချင်းစာတဲ့အနေနဲ့ တတ်နိုင်သလောက် သွားရောက် တိုက်ကျွေးခဲ့တာပါ” လို့ ပြောပါတယ်။

မီးဘေးသင့်ပြည်သူတွေကို ဝဝလင်လင်တိုက်ကျွေးနိုင်ဖို့အတွက် ဆားလင်းကြီးမြို့နယ်ထဲက ကျေးရွာပအဖတွေနဲ့တိုင်ပင်ပြီး စီစဉ်ဆောင်ရွက်ခဲ့ရကာ တနာရီအတွင်း အကုန်တိုက်ကျွေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

“ညီမတို့က ကျွေးရင်တော့ ဘယ်နေရာကိုရောက်ရောက် ဝဝလင်လင်ကို ကျွေးတယ်။ တချို့ဆိုရင် ပါဆယ်တွေပါ ပြန်ထုပ်သွားကြတယ်။ အသက်ကြီးအဖိုးအဖွားတွေအတွက်ရော အကုန်ထည့်ပေးလိုက်တယ်။ ဘာမှချန်မထားဘူး” လို့ ဆိုပါတယ်။

အညာပစ်တိုင်းထောင်လေးများအနေနဲ့ မီးဘေးသင့်ပြည်သူတွေကို မုန့်လက်ဆောင်းကျွေးမွေးတာဟာ ဒုတိယအကြိမ်ဖြစ်ပြီး ဧပြီလ ၂၅ ရက်နေ့ကလည်း ဆားလင်းကြီးမြို့နယ်ထဲက မီးဘေးသင့်ပြည်သူ ၄၀၀ နီးပါးကို မုန့်လက်ဆောင်း တိုက်ကျွေးခဲ့တယ်လို့ သိရပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။