ပြည်မှာ ဧရာဝတီမြစ်အတွင်း ရေချိုးဆင်းတဲ့ အမျိုးသားလူငယ် ၃ ဦး ရေနစ်သေဆုံး

0 1
0 1

ပြည်၊ ဧပြီ ၂၇၊ ၂၀၂၃။

ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပြည်မြို့၊ ကမ်းနားလမ်းဘောတံတားအနီးမှာ ဧပြီလ ၂၆ ရက် မနေ့ညနေ ၅ နာရီခွဲလောက်က အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦး ဧရာဝတီမြစ်အတွင်းရေချိုးဆင်းရာကနေ အမျိုးသားလူငယ် ၃ ဦး ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပြည်မြို့၊ စည်တော်မင်္ဂလာရပ် နေထိုင်သူတွေဖြစ်တဲ့ အသက် ၁၆ နှစ်အရွယ် ရိုကီရာဘီ (ခ) ယမင်းသူဇာ၊ ၁၅ နှစ်အရွယ် ဂျိုဝိုရီယာ(ခ) စိုးပြည့်သဇင်၊ ၁၃ နှစ်အရွယ် အိုစမာ (ခ) မြင်မိုရ်ဦး၊ ၂၈ နှစ်အရွယ် အလီ (ခ) ကျော်မင်းထွန်း၊ ၂၇ နစ်အရွယ် အာမင်း(ခ) ကျော်မြင့်ဦးတို့ ရေဆင်းကူးရာကနေ အမျိုးသား ၃ ဦး သေဆုံးခဲ့တာလို့ မြို့ခံတဦးက မြေလတ်အသံကိုပြောပါတယ်။

“ကလေးတွေ ရေနစ်တာကို ကယ်ဆယ်ရင်းနဲ့ ကြီးတဲ့သူတွေပါ ရေနစ်သွားတာပါ။ သေဆုံးသူ ၃ ဦးက အစ္စလာမ်ဘာသာဝင်တွေ ဖြစ်တယ်” လို့ မြို့ခံတဦးက ပြောပါတယ်။

ရေနစ်သေဆုံးသူတွေထဲက အလီနဲ့အိုစမာတို့ ၂ ဦးကို မနေ့ည ၇ နာရီဝန်းကျင်လောက်မှာ ရှာဖွေတွေ့ရှိခဲ့ပြီး အာမင်းကို ဒီနေ့မနက်အစောပိုင်းမှာ ဆယ်ယူရရှိခဲ့တာဖြစ်ကာ ပြည်မြို့ပြည်သူ့ဆေးရုံ ရင်ခွဲရုံကို ပရဟိတအသင်းကားတွေနဲ့ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း ပဲခူးတိုင်း အနောက်ခြမ်း မြို့တွေဖြစ်တဲ့ ကြို့ပင်ကောက်နဲ့နတ်တလင်းမြို့နယ်တွေမှာ အသက် ၄ နှစ်အရွယ် ကလေးတွေအပါအဝင် အမျိုးသမီး ၅ ဦး ရေကူးကစားရင်း ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။