ဧရာဝတီမြစ်ကူး ရတနာသိင်္ခတံတား မိုင်းခွဲခံရပြီး ကျိုးကျ

0 89
0 89

မြေလတ်အသံ၊ အောက်တိုဘာ ၂၉၊ ၂၀၂၅။

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်နဲ့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ကို ဆက်သွယ်ထားတဲ့ ဧရာဝတီမြစ်ကူးတံတား(ရတနာသိင်္ခ) အောက်တိုဘာ ၂၈ ရက်နေ့ည ၁၁ နာရီခန့်မှာ မိုင်းခွဲခံရပြီး ကျိုးကျသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မိုင်းခွဲခံရတာကြောင့် ဧရာဝတီမြစ်ကူးတံတားရဲ့ စဥ့်ကူးမြို့နယ်ဘက်အခြမ်း ချဥ်းကပ်တံတားနဲ့ တံတားတိုင် ၃ ခုမြောက် နေရာမှာကျိုးကျခဲ့တာဖြစ်ပြီး ခရီးသွားတွေထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

“တံတားနှစ်ဘက်မှာ တစ်ဖက်တစ်ချက်စီ နေရာယူထားတဲ့တံတားပါ။ ခရီးသွားထိခိုက်တာမရှိဘူး” လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

အဲ့ဒီတံတားရဲ့တဖက်တချက်စီ စဥ့်ကူးနဲ့ ကျောက်မြောင်းမြို့တွေမှာ စစ်ကော်မရှင်တပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ အသီးသီးစိုးမိုးတပ်စွဲနေကြတာလည်း ဖြစ်ပါတယ်။

“နံပါတ် 4 နဲ့ 5 နဲ့ကြားကျိုးတယ်။ 7 နဲ့ 6 နဲ့ကြားကျိုးတယ်။ ကြားမှာကျန်ခဲ့တာလည်းရှိတယ်။ စဥ့်ကူးကလာရင်တော့ 7/6 ကြားနဲ့ 5/4 ကြားပေါ့။ ဒီတံတားက တကယ်မိန်းတံတားကြီး။ မန္တလေးနဲ့စစ်ကိုင်းဆက်ထားတာကိုး”လို့ ကျောက်မြောင်းမြို့ခံတဦးကပြောပါတယ်။

တံတားမိုင်းခွဲခံရလို့ အများပြည်သူ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးကိစ္စတွေအပါအဝင် အခက်ခဲပေါင်းစွာရှိလာမှာဖြစ်တယ်လို့ အဲ့ဒီမြို့ခံက ဆိုပါတယ်။

အဆိုပါ တံတားဟာ၂,၄၈၀ ပေရှိတဲ့ သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်ပြီး တည်ဆောက်ဆဲကာလ ၂၀၁၂ နိုဝင်ဘာလမှာ ငလျင်ကြောင့် ပြိုကျပျက်စီးမှုဖြစ်ခဲ့သေးပြီး ၂၀၁၃ ဇူလိုင်လမှာ စတင်ဖွင့်လှစ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။