ဆိပ်ဖြူ၊ သံဇလုံစစ်ဆေးရေးဂိတ်တိုက်ပွဲ ပကဖရွေ့လျားစစ်ကြောင်းမှူး ကျဆုံး

0 81
0 81

ဆိပ်ဖြူ၊ အောက်တိုဘာ ၂၈၊ ၂၀၂၅။

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ သံဇလုံရွာစစ်ဆေးရေးဂိတ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် ၁၉ တပ်ရင်းတာဝန်ရှိသူတွေထံက သိရပါတယ်။

ဂွေးပင်ချောင်းရွာနဲ့ သံငယ်လုံးကျေးရွာကြားမှာတဲ့ရှိတဲ့ အဲ့ဒီစစ်ဆေးရေးဂိတ်မှာ စစ်ကော်မရှင်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းအင်အား ၁၂ ဦးခန့်ရှိတပ်စွဲနေတာဖြစ်ပြီး အောက်တိုဘာ ၂၇ ရက် မနက် ၅ နာရီခွဲခန့်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု မိနစ် ၃၀ ခန့်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ပုံစာ – တိုက်ပွဲကျ မကွေးတိုင်းပကဖရွေ့လျားစစ်ကြောင်းမှူး။

” ဂိတ်ကတော့ ထိုင်ထားတာ ၂ လဝန်းကျင်ရှိပြီး။ တိုက်ပွဲက မိနစ် ၃၀ လောက်ဘဲ။ မြို့နဲ့နီးတော့ စစ်ကူအလွယ်လာနိုင်တဲ့ ဂိတ်ဗျ၊ စစ်ကြောင်းမှူးက လက်နက်ငယ်ထိခဲ့ပြီး ဘော်ဒီ(အလောင်း) ဆွဲချိန် မရလိုက်ဘူး”လို့ ပခုက္ကူခရိုင် အမှတ် ၁၉ တပ်ရင်းတာဝန်ရှိတဦးက မြေလတ်အသံကို ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့နဲ့ပြည်သူစစ် ၄ ဦးသေဆုံးခဲ့ပြီး MA 3 သေနတ် ၁ လက်၊ ကျည်ဆန်တချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်တွေဘက်ကလည်း မကွေးတိုင်းပကဖရွေ့လျားစစ်ကြောင်း (Yenanthar column)ရဲ့ စစ်ကြောင်းမှူး ရဲဘော် ဆိပ်ဖြူ (ခ) ဟိန်းမင်းသူ တိုက်ပွဲကျသေဆုံးခဲ့ရပြီး ရုပ်အလောင်းပြန်မရခဲ့ဘူးလို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပြီးတဲ့နောက် အခင်းဖြစ်နေရာကို စစ်ကော်မရှင်တပ်ဖွဲ့စစ်ကူတွေ ထပ်မံရောက်လာပြီး လက်ရှိမှာ အဲ့ဒီစစ်ဆေးရေးဂိတ်ကို အင်အားတိုးမြှင့်ချထားတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ပခုက္ကူခရိုင် အမှတ် ၁၉ တပ်ရင်း၊ မကွေးတိုင်းပကဖ ရွေ့လျားစစ်ကြောင်း( Yenanthar column)တို့ကပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

အောက်တိုဘာ ၂၅ ရက်ကလည်း ဆိပ်ဖြူမြို့နယ်၊ ဂွေးပင်ချောင်းကျေးရွာအနီးမှာ စစ်ကော်မရှင်စစ်ကြောင်းမိုင်းဆွဲတိုက်ခိုက်ခံရလို့သေဆုံးထိခိုက်မှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။