“ထမင်းရည်ချောင်းမစီးနိုင်တဲ့အပြင် စီးပွါးရေးကျပ်တည်းမှုပိုလာတဲ့ ပြည်သူဘဝများ”

0 1
0 1

မြေလတ်အသံ၊ ဧပြီ ၁၈၊ ၂၀၂၃။

မြန်မာနိုင်ငံဟာ တချိန်က ထမင်းရည်ချောင်းစီးပြီး မောင်းတီးလှူဒါန်းခဲ့ကြတဲ့တိုင်းပြည်တခု ဖြစ်ခဲ့ပေမယ့် တိုင်းပြည်မတည်ငြိမ်မှု၊ နိုင်ငံ့စီးပွါးရေးကျဆင်းလာမှု နှစ်ပေါင်းများစွာ ရှည်ကြာလာခဲ့တဲ့ အကျိုးဆက်ကြောင့် ယနေ့အချိန်မှာတော့ ပြည်သူအများစုဟာ ဆင်းရဲမှုဒါဏ်တွေကို အလူးအလဲခံနေကြရပါတယ်။

ဒါအပြင် တိုင်းပြည်မငြိမ်သက်မှုနဲ့ အလုပ်အကိုင်ရှားပါးမှုကြောင့် မိမိတို့ စားဝါတ်‌နေရေးကို နေ့စဉ်အလျဉ်မီအောင် ဖြေရှင်းနေကြရတဲ့ ပြည်သူတွေ များပြားလာတာနဲ့အမျှ ရှေးယခင်လို အလှူအတန်းတွေ၊ ပုံမှန်ကျင်းပလေ့ရှိတဲ့ ရိုးရာဓလေ့ပွဲတွေကို မပြုလုပ်နိုင်ကြပါဘူး။

မြေလတ်ဒေသအပါအဝင် တနိုင်ငံလုံးမှာ အလှူအတန်းတွေ ပွဲလမ်းသဘင်တွေ ဘယ်လောက်အထိ လျော့နည်းသွားလဲ ဒါနဲ့အဓိက ဆက်စပ်အသက်မွေးနေကြတဲ့သူတွေရဲ့ စားဝတ်နေရေး ဘယ်လိုရှိနေမလဲ၊ နောက်ဆက်တွဲ ဒီအကျိုးဆက်က ပြည်သူလူထုရဲ့ လူမှု စီးပွါးဘဝကို ဘာတွေစိန်ခေါ်မှုဖြစ်လာမလဲ စတဲ့အကြောင်းအရာတွေကို ဒီတပါတ် မြေလတ်မြေလတ်ဒေသ လူမှုစီးပွါး အစီအစဉ်မှာ ကလောင်ရှင် ဒိအာကာ က တင်ဆက်ပေးထားပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။