မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ တန့်ဆည်သားတွေက စစ်ကောင်စီကိုဆန္ဒပြ

စစ်ကိုင်း၊ ဧပြီ ၁၇၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့မှာ ဧပြီလ ၁၇ ရက် (မြန်မာနှစ်ဆန်း ၁ ရက်)ဒီနေ့မနက်ပိုင်းမှာ တော်လှန်ရေးအင်အားစုဝင်တွေနဲ့ ဒေသခံတွေပူးပေါင်းပြီး စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။

“နှစ်ဆန်း ၁ ရက် Gunနှင့်တက် စစ်ခွေးခေါင်းတွေအကုန်ပြတ်” စာတန်းကိုကိုင်ဆောင်ကာ တန့်ဆည်ပင်မသပိတ်စစ်ကြောင်းနဲ့ အမျိုးသမီးမဟာမိတ်အင်အားစု – WAB အဖွဲ့ဝင်တွေဟာဒေသခံတွေနဲ့အတူ ဆန္ဒပြခဲ့ကြတာလို့သိရပါတယ်။

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။