11 July 2026 11:35 AM

ကြို့ပင်ကောက်မှာ အမျိူးသား ၁ ဦးရေနစ်သေဆုံး ၁ လကျော်တွင်း ၆ ဦးမြောက်သေဆုံးခြင်းဖြစ်

0 1
0 1

ကြို့ပင်ကောက်၊ ဧပြီ ၁၄၊ ၂၀၂၃။

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့မှာ မနေ့ညက အမျိူးသားတဦး ရေကန်အတွင်း‌ ရေချိုးဆင်းရာက ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဧပြီလ ၁၃ ရက် မနေ့ည ၁၀ နာရီလောက်က ရေနစ်သေဆုံးခဲ့တာဖြစ်ပြီး ကြို့ပင်ကောက်မြို့၊ ရွာမမြောက်ရပ်ကွက် အေးသန်းဆန်စက်ဝန်းမှာနေတဲ့ အသက် ၃၃ နှစ်အရွယ် ကိုမျိူးလွင်ဦး ဖြစ်တယ်လို့ သိရပါတယ်။

“သူနေတဲ့ အေးသန်းဆန်စက်ဝန်းထဲက ရေကန်ကြီးထဲမှာ ညအချိန်မတော် ရေဆင်းချိုးရင်း ဖြစ်တာပါ။ ရာသီဥတုကလည်း ပူတာလည်း ပါတာပေါ့။ ညတွင်းချင်းပဲ ဆယ်ယူခဲ့ပါတယ်” လို့ ပြောပါတယ်။

အလောင်းကို ကြို့ပင်ကောက်မြို့ နာရေးကူညီမှုအသင်းက ကြို့ပင်ကောက်ဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်၊၊

ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်ည ၇ နာရီလောက်ကလည်း ကြို့ပင်ကောက်မြို့၊ တန် ၁၀၀ ဆန်စက်အနီးဆည်မြောင်းရေထိန်းတံခါးမှာ ရေချိုးဆင်းတဲ့ တောင်ဘန့်ဘွေးကုန်းရွာက အသက် ၄၁ နှစ်အရွယ် ကိုပိုက်ထွေးလည်း ဆည်မြောင်းတံခါးအောက်မှာ ဦးခေါင်းညှပ်ကာ သေဆုံးခဲ့ပါသေးတယ်။

ကြို့ပင်ကောက်မြို့မှာ အခုနှစ်မတ်လအတွင်း ရေနစ်သေဆုံးသူ ၄ ဦးရှိပြီး မတ်လ ၅ ရက်ကကြို့ပင်ကောက်မြို့၊ ပန်းတင်ရပ်ကွက် ပန်းတင် ၂ လမ်းက ဆည်မြောင်းအတွင်း ရေချိုးဆင်းတဲ့အသက် ၄ နှစ်အရွယ် မိန်းကလေးငယ် ၂ ဦး၊ မတ်လ ၁၀ ရက်မှာ မြို့လယ်ချောင်းရွာက မြို့လယ်ချောင်းထဲ ရေချိုးဆင်းတဲ့ အသက် ၄၅ နှစ်အရွယ် အမျိူးသားတဦး၊ မတ်လ ၂၄ ရက်မှာ အေဝမ်းဆန်စက်ဝန်းက အသက် ၃၈ နှစ်အရွယ်အမျိူးသားတဦးတို့ ရေနစ်သေဆုံးခဲ့ပါသေးတယ်။

ရက် ၄၀ အတွင်း‌ရေနစ်သေဆုံးသူ ၆ ဦးထဲမှာ အသက် ၄ နှစ်အရွယ် မိန်းကလေးငယ် ၂ ဦးပါဝင်ပြီး ကျန် ၄ ဦးဟာ အသက် ၃၃ နှစ်အထက် အမျိုးသားတွေ ဖြစ်ပါတယ်။

အဲဒီအထဲမှာ မတ်လ ၂၄ ရက်က သေဆုံးတဲ့ အမျိုးသားတဦးသာ အတက်ရောဂါနဲ့ ရေမြောင်းထဲကို ပြုတ်ကျသေဆုံးတာဖြစ်ပြီး ကျန် ၅ ဦးဟာ ရေချိုးဆင်းရာက ရေနစ်သေဆုံးကြတာ ဖြစ်ပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။