11 July 2026 1:01 PM

သင်္ကြန်မှာ ကျဆုံးခဲ့တဲ့ ရဲဘော် (၁၀) ဦးရဲ့ ၂ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနား ကျင်းပ

0 1
0 1

ကနီ၊ ဧပြီ ၁၄၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ တူမီးသင်္ကြန်ကာလအတွင်းမှာ ကျဆုံးခဲ့တဲ့ ရဲဘော် (၁၀) ဦးအတွက် ၂ နှစ်ပြည့် အခမ်းအနားကို ကနီနွေဦးတော်လှန်ရေးသပိတ်အင်အားစုနဲ့ ပြည်သူတချို့က ကျင်းပခဲ့ကြပါတယ်။

ဧပြီလ ၁၄ ရက် ဒီနေ့ မနက် ၇ နာရီလောက်မှာ ကနီ နွေဦးသပိတ်တော်‌လှန်ရေးသပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေ စုပေါင်းပြီး လူဦးရေ ၁၀၀ ကျော်နဲ့ ကနီနယ် မုံရွာ-ယားကြီး-ကလေးဝ ကားလမ်းမတနေရာမှာ အောက်မေ့ဖွယ်အခမ်းအနားကို ကျင်းပခဲ့တယ်လို့ သပိတ်မှာပါဝင်သူ တဦးက ပြောပါတယ်။

“ဒီနေ့နံနက် ၇ နာရီမှာစပြီး ၇ ခွဲမှာပြီးတယ်ဗျ။ လမ်းမကြီးပေါ်မှာပါ လုံခြုံရေးအရမို့ပါ။ မုံရွာ-ယာကြီး-ကလေးဝ လမ်းက မဟာဗျူဟာကျတဲ့ လမ်းကြီးဆိုတော့ အချိန်ကြာကြာလုပ်ဖို့က အဆင်မပြေလို့ပါ။ အရင်နှစ်ကလည်း အောက်မေ့ဖွယ်အခမ်းအနားကို ပြုလုပ်ပေးပါတယ်” လို့ ဆိုပါတယ်။

အခမ်းအနားမှာ သပိတ်အင်အားစုနဲ့ ဒေသခံတွေက သွေးသစ္စာသီချင်းသံပြိုင် သီဆိုတာ၊ စစ်အာဏာရှင်ကြွေးကြော်သံတွေနဲ့ ကြွေးကြော် ဆန္ဒပြတာ၊ သပိတ်ဦးဆောင်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေးတရားတွေ ဟောပြောတာ၊ လွမ်းသူ့ပန်းခွေချတာတွေကို ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် သင်္ကြန်အကြတ်နေ့၊ ကနီနယ်၊ လှည်းဘီးပွဲ (မုံရွာ-ယာကြီး-ကလေးဝ လမ်း လှည်းဘီးစားသောက်ဆိုင်နား ဖြစ်တဲ့တိုက်ပွဲ)မှာ အာဇာနည်ရဲဘော် (၇) ဦး ကျဆုံးသွားပြီး နှစ်ဆန်းတရက်နေ့ ဆယ်ရွာချောင်တိုက်ပွဲမှာလည်း အာဇာနည်ရဲဘော် (၃) ဦး တူမီးလက်နက်ကိုင်ဆွဲပြီး တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဧပြီလ ၁၃ ရက်နေ့ မနေ့ကလည်း ကနီမြို့နယ်က နွေဦးတော်လှန်ရေးသပိတ်အင်အားစုက တူမီးသပိတ် တူမီးသင်္ကြန် စစ်ဏာရှင်ဆန့်ကျင်ရေးသပိတ် သင်္ကြန်အကြိုနေ့မှာ ကျင်းပပြုလုပ်ခဲ့ပါသေးတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။