13 July 2026 12:38 AM

ပြည်သူပါဝင်မှုနည်းတဲ့ ပြည်မြို့သင်္ကြန်အကြိုနေ့

0 1
0 1

ပြည်၊ ဧပြီ ၁၃၊ ၂၀၂၃။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့မှာ ဧပြီလ ၁၃ရက် ဒီနေ့မှာ ကျရောက်တဲ့ သင်္ကြန်အကြိုနေ့မှာ စစ်ေကာင်စီရဲ့ ဌာနဆိုင်ရာဝန်ထမ်းနဲ့ တပ်မိသားစုအချို့သာပါဝင်ပြီး ပြည်သူလူထူ ပူးပေါင်းမှု မရှိသလောက် နည်းပါးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြည်မြို့ မြင်းစီးကျောက်ရုပ်အနီးက ဗဟိုမဏ္ဍပ်မှာသာ လူအနည်းငယ် သီဆို ကခုန်နေပြီး ရဲနဲ့ စစ်သားတွေက သေနတ်တွေကိုင်ပြီး လုံခြုံရေးယူပေးနေတာတွေရှိတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“သူတို့လူ သူတို့ပဲ ပြည်သူတွေ မဝင်ရဲဘူး။ ဗုံးထိမှာ ကြောက်တာ။ ပြည်သူတွေ ဝင်မနွှဲတဲ့ပွဲ မသိရင် တပ်တွင်း သင်္ကြန် ကျရော။ တပ်ထဲမှာပဲ လုပ်သင့်တာ” လို့ ဆိုပါတယ်။

အကြိုနေ့မတိုင်ခင် တရက်အလိုကလည်း ဗဟိုမဏ္ဍပ်အောက်မှာ မပေါက်ကွဲသေးတဲ့ ဖုန်းနဲ့တွဲထားတဲ့ ချိန်ကိုက်ဗုံးတလုံး တွေ့တယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့ပါသေးတယ်။

ဗဟိုမဏ္ဍပ်ဖွင့်ပွဲလုပ်ဖို့အတွက် ဧပြီလ ၁၂ ရက် မနေ့ညပိုင်းကတည်းက မဏ္ဍပ်ဝန်းကျင်နေရာတွေမှာ စစ်ကောင်တပ်တွေနဲ့ ရဲတွေ လုံခြုံရေးအများအပြားချထားသလို ဒီနေ့မနက် ဖွင့်ပွဲမှာလည်း အရပ်ဝတ်၊ ယူနီဖောင်းဝတ်တွေနဲ့ လုံခြုံရေး အင်အား ၅၀ ထက်မနည်း ထားရှိကာ မဏ္ဍပ်လာသမျှယာဥ်တွေကို တားဆီးစစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။