မိတ္ထီလာနဲ့ပြင်ဦးလွင်မှာ တရက်အတွင်း အမျိုးသား ၂ ဦးဓာတ်လိုက်သေဆုံး

0 16
0 16

မန္တလေး၊ အောက်တိုဘာ ၁၅၊ ၂၀၂၅။

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နဲ့ပြင်ဦးလွင်မြို့တွေမှာ တရက်တည်း အမျိုးသား ၂ ဦးဓာတ်လိုက် သေဆုံးခဲ့တယ်လို့ ကူညီဆောင်ရွက်ပေးခဲ့သူတွေဆီက သိရပါတယ်။

အောက်တိုဘာ ၁၄ ရက် မနက် ၉ နာရီကျော်ခန့်မှာ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး ၁၀၊ (ခ) ရပ်ကွက်၊ လမ်းသွယ် ၂ နေ အသက် ၄၈ နှစ်အရွယ် ဦးတင်မျိုးလှိုင်ဟာ နေအိမ်ခြံထဲရှိ ကြောင်လျှာပင်မှအသီးခူး နေချိန် ဓာတ်လိုက်သေဆုံးခဲ့တာလို့ ဆိုပါတယ်။

“ပတ်ဝန်းကျင်ကအပြောအရ ကြောင်လျှာသီးခူးရင်းနဲ့ တံချူက ဓာတ်ကြိုးပေါ်က ကျသွားလို့ဖြစ်တာ။ လက့်မှာတော့ အပူလောင်ဒဏ်ရာတွေတော့ရှိတယ်”လို့ ကူညီဆောင်ရွက်ပေးခဲ့သူတဦးက ပြောပါတယ်။

ပုံစာ – ပြင်ဦးလွင်မြို့တွင် ဓါတ်လိုက်သေဆုံးခဲ့သည့် ဦးတင်မျိုးလှိုင်။

ဦးတင်မျိုးလှိုင်ကိုတော့ ဒေသလူမှုကူညီရေးအသင်းတွေက ပြင်ဦးလွင်ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြရတယ်လို့ဆိုပါတယ်။

အလားတူ အဆိုပါညနေ ၄ နာရီကျော်မှာလည်း မိတ္တီလာမြို့၊ ပေါက်ချောင်းရပ်ကွက်၊ မိတ္ထီလာတောင်ကန် ကန်ပတ်လမ်းမှာ ပလုံကောက်တဲ့ အမျိုးသား ၁ ဦး ဓာတ်လိုက်သေဆုံးခဲ့ပါသေးတယ်။

သေဆုံးသူဟာ လူးခင်းကြီးကျေးရွာနေသူ အသက် ၅၀ ကျော်အရွယ် ဦးအောင်ကျော်ထွန်းဆိုသူဖြစ်ပြီး ရေကန်ထဲ ပလုံဆင်းကောက်ချိန် ဓာတ်လိုက်သေဆုံးခဲ့တယ်လို့ဆိုပါတယ်။

“အပ်မိနေတဲ့ ဓာတ်ကြိုးကိုကိုင်မိတာ။ ဓာတ်တိုင်ကဆင်းတဲ့ အပ်ကြိုးပါ။ ဓာတ်တိုင်ကရေစပ်မှာ အောက်မှာလည်းရေရှိနေတယ်။ ရေထဲရောက်မှကြိုးကိုလှမ်းကိုင်လာတာဖြစ်မယ်”လို့ ကူညီဆောင်ရွက်ပေးခဲ့သူတဦးက ပြောပါတယ်။

ဓာတ်လိုက်သေဆုံးသွားတဲ့ ဦးအောင်ကျော်ထွန်းကို ဒေသခံတွေက မိတ္ထီလာပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ရပြီး အောက်တိုဘာ ၁၅ ရက်ဒီကနေမှာ ဆေးရုံကနေအလောင်းကို နေအိမ်ပြန်သယ်ပြီးနာရေးပြုလုပ်မယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက်ကလည်း ပဲခူးမြို့၊ ဥဿာမြို့သစ်၊ နယ်မြေ ၅၊ ရပ်ကွက်ကြီး ၁၊ ရေစက်လမ်းထိပ်မှာ ပြုတ်ကျနေတဲ့ ဓာတ်ကြိုးကို ခလုတ်တိုက် လဲကျတဲ့ကလေးငယ် ဓာတ်လိုက်သေဆုံးသွားတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။