ဆားလင်းကြီးနယ်က မီးဘေးသင့်ပြည်သူတွေကို ခေါက်ဆွဲကြော်လှူဒါန်း (Photo News)

ဆားလင်းကြီး၊ ဧပြီ ၄၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက မီးဘေးသင့်ပြည်သူတွေကို ဧပြီလ ၄ ရက် ဒီကနေ့ နေ့လယ်စာအတွက် အညာပစ်တိုင်းထောင်လေးများအဖွဲ့ကဦးဆောင်ပြီး ခေါက်ဆွဲကြော်လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။

အိမ်ထောင်စု ၁၂၈ စုက ဒေသခံတွေကို ၁ ဦးလျှင် ၁ ဗူးနူန်းနဲ့ ဗူး ၆၀၀ ကို Mi Mi Lay Lin Family (Australia )ရဲ့ကူညီမှုနဲ့ လှူဒါန်းခဲ့တာလို့ အညာပစ်တိုင်းထောင်လေးများ အဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

အညာပစ်တိုင်းထောင်လေးများအဖွဲ့ဟာ အဟာရကျွေးမွေးလှူဒါန်းတာတွေအပြင် မီးဘေးသင့်ပြည်သူတွေကို မီးဖိုဆောင်သုံးပစ္စည်းတွေ၊ ဆန်နဲ့ဆီတွေကိုလည်း အလှူရှင်တွေကိုယ်စား လှူဒါန်းပေးနေတာလည်းဖြစ်ပါတယ်။

စာတည်း – ရင်ငြိမ်း

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။