ကင်းပတ်ဖို့လာတဲ့ ပျူစောထီးတွေပစ်ခတ်ခံရလို့ ၁ ဦးသေဆုံး

0 13
0 13

မြိုင်၊ စက်တင်ဘာ ၂၅၊ ၂၀၂၅။

မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်း၊ သရက်ကန်ရွာကနေ ကင်းပတ်ဖို့ထွက်လာတဲ့ ပျူစောထီးတွေကို ပစ်ခတ်တိုက်ခိုက်ရာ ၁ ဦးသေဆုံးခဲ့တယ်လို့ TYK ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

စက်တင်ဘာ ၂၄ ရက် မနက် ၆ နာရီက သရက်ကန်ရွာကနေကင်းပတ်ဖို့ ဘန်ကာထဲကထွက်လာတဲ့ ပျူစောထီးတွေကို ရွာအနီးအရောက် သူတို့နဲ့ မီတာ ၁၀၀ နဲ့ ၁၅၀ အကွာအဝေးက ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“ပျူစောထီးတွေ ကင်းပတ်မယ်ဆိုပြီး ဘန်ကာထဲကထွက်လာတဲ့အချိန်မှာ ကျနော်တို့ဘက်က ရိုင်ဖယ်နဲ့ စပြီး ပစ်ခတ်ခဲ့တာ၊ ပြီးကျတော့ လက်နက်ငယ်တွေနဲ့လည်း ဝိုင်းဝန်းပစ်ခတ်ခဲ့တယ်၊ ပျူစောထီးတဦး လဲပြီးတော့ ပွဲချင်းပြီးသေတယ်၊” လို့ TYK ပြောက်ကျားတပ်ဖွဲ့ဝင် စောကြီးက ပြောပါတယ်။

သေဆုံးသူဟာ သရက်ကန်ရွာက ပျူစောထီး ကင်းမှူးမျိုးနိုင်အေးဖြစ်ပြီး ပျူစောထီးတွေဘက်ကလည်း ပြန်လည်ပစ်ခတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

သရက်ကန်ကျေးရွာမှာ ပျူစောထီးအင်အား ၁၀၀ ဝန်းကျင်ရှိပြီး လက်ရှိမှာ ရိက္ခာပြတ်လပ်မှုတွေနဲ့ ကြုံနေရတယ်လို့လည်းသိရကြောင်း တပ်ဖွဲ့ဝင်စောကြီးကပြောပါတယ်။

“ပစ်ခတ်ပြီးနေချိန် ပျူစောထီး လဲကျသေဆုံးပြီးနောက် ၄၀ မမ ၁ လုံးပစ်ပြီး လက်နက်ငယ်တွေနဲ့ပါ ရမ်းသမ်းပစ်ခတ်ကြတယ်။ လက်ရှိအနေနဲ့ သူတို့ဘက်မှာ ရိက္ခာပြတ်လပ်ပြီး စစ်ကော်မရှင်စစ်ကြောင်း လာမှာကိုမျှော်နေကြတယ်”လို့ သူက ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို TYK ပြောက်ကျားတပ်ဖွဲ့-မြိုင် – ပကဖ တပ်ရင်း ၁ – တပ်ခွဲ ၁၊ မြိုင်-ပကဖ တပ်ရင်း ၁-တပ်ခွဲ ၄ (စက်ြာ)၊ ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု – PLC အပါအဝင် မဟာမိတ်ပူးပေါင်းတပ် တွေက လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်ကလည်း မြိုင်မြို့နယ်၊ သရက်ကန်ရွာက ပျူစောထီးတွေ ထန်းတက်နေတဲ့အချိန် TYK ပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။