သပိတ်ကျင်းမှာ ဗုံးကြဲခံရလို့ ကလေး ၂ ဦးအပါ ၇ ဦးသေဆုံး

0 10
0 10

သပိတ်ကျင်း၊ စက်တင်ဘာ ၁၃၊ ၂၀၂၅။

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ညောင်ပင်သာရွာနဲ့ ကျောက်ဖြာကျေးရွာအနီးကို စစ်ကော်မရှင်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၂ ဦးအပါအဝင် ၇ ဦးသေဆုံးခဲ့တယ်လို့ Voice of Mandalay – PDF က သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၁၃ ရက် နေ့လယ် ၁၂ နာရီခွဲမှာ ညောင်ပင်သာရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး ၁ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် နေ့လယ် ၄ နာရီဝန်းကျင်မှာလည်း သပိတ်ကျင်းမြို့နယ်အတွင်းကကျေးရွာတချို့ကို Y 12 လေယာဥ်နဲ့ ဗုံးအလုံး ၄၀ ကြဲချရာ ကျောက်ဖြာကျေးရွာအနီးကို ကျရောက်ပေါက်ကွဲပြီး ကလေးငယ် ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးသေဆုံးပြီး ဒေသခံ ၃ ဦးထိခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဆိုပါတယ်။

ထိခိုက်သေဆုံးသူတွေနဲ့ပတ်သက်တဲ့အခြေအနေတွေကိုတော့ မြေလတ်အသံကဆက်လက် စုံစမ်းနေပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်ညနေ ၄ နာရီဝန်းကျင်ကလည်း သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီနဲ့ ဇရပ်ကွင်းကျေးရွာတို့ကို စစ်ကော်မရှင်တပ်က လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ပါပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၅ ဦးသေဆုံးခဲ့ပါသေးတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။