31 October 2026 12:53 PM

ဝက်လက်ရပ်ကျေးပအဖခေါင်းဆောင် ၁ ဦး သေနတ်နဲ့အနီးကပ်ပစ်သတ်ခံရပြီး လုပ်ကြံသူကို မမိသေး

0 34
0 34

ဝက်လက်၊ စက်တင်ဘာ ၁၃၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ မကျီးကန်ကျေးရွာက ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေးခေါင်းဆောင် ၁ ဦးပစ်သတ်ခံရတယ်လို့ ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတွေဆီက သိရပါတယ်။

ပစ်သတ်ခံရသူဟာ မကျီးကန်(မြောက်)ရွာ ပအဖ ခေါင်းဆောင် အသက် ၅၀ ကျော်အရွယ် ဦးမင်းသန့်ဖြစ်ပြီး စက်တင်ဘာ ၁၂ ရက်မနက် ၁၁ နာရီ၀န်းကျင်မှာ ဝက်လက်မြို့နဲ့ မကျီးကန်ကျေးရွာသွားလမ်းပေါ်မှာ ဝက်လက်မြို့ဘက်ကနေ အအေးဘူးတွေဝယ်ပြီး ဆိုင်ကယ်နဲ့တဦးတည်းပြန်လာချိန် ပစ်သတ်ခံရတာလို့ ဆိုပါတယ်။

“သူက ကျီးကန်နားက ကွင်းလမ်းမှာ ကားကျွံနေလို့ဆိုပြီး သွားကူညီတယ်။ အခင်းဖြစ်တဲ့နေရာက သူ့ရဲဘော်တွေရှိတဲ့နေရာနဲ့ မီတာ ၁၀၀ လောက်ဘဲကွာတယ်။ အအေးဘူးသွားဝယ်ပြီး ပြန်လာတာ လမ်းရိုးအတိုင်းပြန်လာတာ ကြားလမ်းတောလမ်းလေးကနေ ဖြတ်ပြီးပစ်ခံရတာ”လို့ ဝက်လက်မြို့နယ်ပကဖ တာဝန်ရှိသူတဦးကပြောပါတယ်။

သေနတ်နဲ့အနီးကပ် ပစ်ခတ်ခံရတာကြောင့် ဦးမင်းသန့်ဟာ နားထင်အနောက်ဘက်မှာ ကျည်ထိဒဏ်ရာတချက်ရပြီး နေရာတင်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ ဦးမင်းသန့်ရဲ့အလောင်းကိုတော့ အဖွဲ့ဝင်တွေကကောက်ယူပြီး စက်တင်ဘာ ၁၃ ရက် ဒီကနေ့မှာ နာရေးပြုလုပ်မယ်လို့ သိရပါတယ်။

သေဆုံးသူ ဦးမင်းသန့်ဟာ ကျေးရွာအုပ်ချုပ်ရေးမှူးတာဝန်ယူထားသလို ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ သင့်မြတ်စွာနေထိုင်ပြီး တော်လှန်ရေးအလုပ်အပေါ်စိတ်ပါဝင်စားကာလုပ်ကိုင်နေသူဖြစ်ပြီး အနေအေးသူလည်းဖြစ်တယ်လို့ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ နေရာဝန်းကျင်ဟာ ဒေသကာကွယ်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ကျေးရွာတွေဖြစ်ပြီး ပစ်ခတ်မှုပြုလုပ်သွားတဲ့ သေနတ်သမားတွေကိုဖမ်းဆီးရမိရေး လိုက်လံရှာဖွေနေကြပေမယ့် ဒီကနေ့အထိတော့ ဖမ်းမိတာမျိုးမရှိသေးဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၂၃ ရက်ညပိုင်းကလည်း ဝက်လက်မြို့နယ်၊ ဂျိုးဖြူကုန်းတဲစုမှာ အသက် ၃၀ အရွယ် ဝက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး ရုံးအဖွဲ့မှူးနဲ့ အမျိုးသမီး ၁ ဦးတို့လည်း သေနတ်နဲ့ပစ်သတ်ခံခဲ့ရပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။