ပဲခူးရွှေမော်ဓောဘုရားပွဲတော်မှာ စျေးရောင်းချသူ နည်းပါး

0 3
0 3

ပဲခူး၊ မတ် ၂၄၊ ၂၀၂၃။

ပဲခူး ရွှေမော်ဓောဘုရားဗုဒ္ဓပူဇနိက (၂၆၀၅) ကြိမ်မြောက် ပွဲတော်မှာ စျေးရောင်းချတဲ့သူတွေ နည်းပါးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မတ်လ ၂၀ ရက်နေ့ကနေ ဧပြီလ ၁၈ ရက်နေ့အထိ ပွဲတော်ကိုကျင်းပနေပေမဲ့လည်း အခုချိန်ထိ စျေးတန်းနဲ့ကစားကွင်းတွေကို ဆောက်လုပ်နေဆဲဖြစ်သလို၊ လာရောက်ရောင်းချတဲ့ ဆိုင်တွေလည်း နည်းပါးလာတယ်လို့ ပဲခူးမြို့ခံတဦးက ပြောပါတယ်။

“ကစားကွင်းနဲ့ စျေးတန်းတွေက ဆောက်နေတုန်းပဲ။ ဇာတ်ပွဲက ၃၀ ရက်နေ့မှာ ဝင်မယ်လို့ပြောတယ်။ အခုချိန်ထိ ဇာတ်စင်တောင် မဆောက်ရသေးဘူး။ ဝန်းထဲမှာတော့ ရဲတယောက်နှစ်ယောက်ကို လုံခြုံရေးချထားတယ်။ ဆိုင်တန်းပေါင်း ၃၀ ဆယ်လောက်ပဲ ရှိမယ်။ ဈေးရောင်းတဲ့သူ‌တွေလည်း သိပ်မရှိဘူး” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်တွေမှာ ဆိုင်တန်း(၁၅ ခန်းခန့်ပါ) ၁၀၀ ကျော် ဆောက်လုပ်ကျင်းပနိုင်ခဲ့သော်လည်း ယခုနှစ်တွင်တော့ ဆိုင်တန်း(၃၀)သာ ထိုးထားပြီး အပြည့်မလာသေးဘူးလို့ ဆိုပါတယ်။ ယခင် ဗိမ္မာန်အနောက်တွင် ဆိုင်ခန်း ၃၀ ခန့်ရှိခဲ့သော်လည်း ယခုနှစ်တွင် ၃ ဆိုင်သာ ရှိတယ်လို့ ဆိုပါတယ်။

ယခင်နှစ်တွေမှာ ဗုဒ္ဓပူဇနိယပွဲတော်ကို ၄ လပိုင်းလောက်မှ ကျင်းပလေ့ရှိပေမဲ့လည်း ဒီနှစ်မှာတော့ ပွဲတော်ကို မတ်လ အတွင်းမှာ ကျင်းပနေတာပါ။

“ရပ်ကွက်လူကြီးတွေ ဂေါ်ပကတွေ ပေါင်းပြီး ဒီနှစ်ကတော့ ပွဲကိုစောစောကျင်းပတယ်။ ဘာဖြစ်လို့လဲတော့ မသိပါဘူး။ ပွဲတော်ရက် ၂၀ ရက်ကနေ ၃၀ ရက်နေ့အထိက စျေးရောင်းပွဲတော်လုပ်မှာ။ ပွဲတော်မှာ ကပြမယ့်သူတွေ သီချင်းဆိုမယ့်သူတွေအတွက် ဇာတ်ခုံဆောက်ဖို့ လုံခြုံရေးက ၁၀၀ ကျော်ချမယ်လို့တော့ ကြားနေရတယ်’’ လို့ ဆိုပါတယ်။

ဘုရားပွဲတော်မှာ ကျင်းပမဲ့ ဇာတ်ပွဲတွေကတော့ ချစ်ရဲမင်းဇာတ်သဘင်ပွဲ၊ ချစ်ပန်းဆုဝေဇာတ်သဘင်ပွဲ၊ ရန်ကုန်ရွှေမေတ္တာဇာတ်သဘင်ပွဲနဲ့အတူ ရုပ်ရှင်နဲ့ ဂီတအနုပညာရှင်များကလည်း (၁၀) ည အခမဲ့ဖျော်ဖြေတင်ဆက်သွားမယ်လို့လည်း လက်ကမ်းစာစောင်တွေမှာ ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာတော့ ရွှေမော်ဓောဘုရားပွဲကို ဧပြီလ (၁၀) ရက်ကနေ (၁၉ ) ရက်နေ့အထိသာ ကျင်းပခဲ့တယ်လို့လည်း ဆိုပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။