သပိတ်စစ်ကြောင်း ၇၄၅ ရက်‌မြောက်နေ့အဖြစ် ကျေးရွာပေါင်းစုံသပိတ်ပြုလုပ်

0 3
0 3

ယင်းမာပင်၊ မတ် ၂၄၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်ထဲမှာရှိတဲ့ ကျေးရွာပေါင်းစုံက သပိတ်စစ်ကြောင်းဟာ ရက်ပေါင်း ၇၄၅ ရက်မြောက်နေ့အဖြစ် မတ်လ ၂၄ ရက် ဒီနေ့မနက်ပိုင်းမှာ “ဖက်ဆစ်ရွေး ကောက်ပွဲတိုက်ဖျက်၊ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် ကိုင်စွဲချီတက်” စာသား‌တွေ ကိုင်‌ဆောင်ပြီး ချီတက်ခဲ့ကြပါတယ်။

“သပိတ်ကို ယင်းမာပင်မြို့နယ်ထဲမှာပြုလုပ်တာပါ။ သပိတ်က နေ့စဥ်လုပ်ပါတယ်။ ဒီနေ့မနက် သပိတ်ကိုတော့ နာရီဝက်လောက်ပဲလုပ်ဖြစ်တယ်” လို့ သပိတ်မှာ ပါဝင်သူတဦးက ပြောပါတယ်။

စာတည်း – ရင်ငြိမ်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။