myaelatt athan

Sharing Information to the Local

PDF စခန်းမီးရှို့ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ လက်နက်ကြီးနဲ့ပစ်ခံရလို့ သေဆုံးမှုရှိနိုင်

မုံရွာ၊ မတ် ၁၆၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မုံရွာတပ်ခွဲစခန်းတခုကို မီးရှို့ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကိုင်းရွာ ဇရပ်ကုန်းအနီးမှာ ဒေသခံကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၁၅ ရက် မနက်ပိုင်းကစတင်ပြီး အင်အား ၁၅၀ ခန့်ပါတဲ့ စစ်သားတွေက PDF စခန်းကို မီးရှို့ပြီးထွက်လာတဲ့အချိန် ၆၀ မမ ၈၀ မမ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ Chindwin Toe Na Yar PDF ခေါင်းဆောင် ဗိုလ်မြကြီးက ပြောပါတယ်။

“PDF စခန်းပဲ မီးရှို့တာပဲလုပ်လုပ် ပြည်သူ့နေအိမ်တွေကိုပဲ မီးရှို့တာပဲလုပ်လုပ် ကျနော်တို့ PDF တွေက ငြိမ်ခံမယ်ဆိုရင်တော့ ဒီကောင်တွေက နယ်မြေလွှမ်းမိုးဖို့အတွက် လုပ်နေတော့မယ်လို့ ထင်တယ်။ အဲဒါကြောင့် ကျ‌နော်တို့တိုက်ခဲ့တာ။ PDF ၈ ဖွဲ့ ပူးပေါင်းပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာ” လို့ ဆက်ပြောပါတယ်။

အဲဒီလို ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သားတွေ ထိခိုက်ကျဆုံးမှုရှိ‌နိုင်ပေမဲ့ အတိအကျတော့ ပြောလို့မရပါဘူးလို့ ဆိုပါတယ်။

“အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ PDF ဝတ်စုံတွေ ဝတ်ပြီးထွက်လာတဲ့ စစ်သားတွေဆိုတော့ ဘယ်တပ်ကလို့ ပြောလို့မရဘူး။ ဒီနေ့မနက်ခင်းပိုင်းမှာ မိုးကြိုးပြင်ဘက်ကို ခြေယောင်ပြပြီးတော့ ဝမ်ပေါင်ထဲကို ဝင်သွားတယ်” လို့ ဗိုလ်မြကြီးက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Chindwin Toe Na Yar PDF၊ ယင်းမာပင်တပ်ရင်း ၂၉၊ ဘာမထီ၊ မြွေဆိုး၊REAL HEROS ၊ Triple Two၊ သမန်းကျား နဲ့ ယင်းမာပင်ခရိုင်တပ်ရင်း ၂၀ တို့က ပူးပေါင်း ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၅ ရက်ကလည်း ယင်းမာပင်မြို့နယ်ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို Chindwin Toe Na Yar PDF အဖွဲ့က လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။