ကိုဖုန်းမော် ကျဆုံးခြင်းအထိမ်းအမှတ် ပခုက္ကူက လူထုဟောပြောပွဲ

0 7
0 7

ပခုက္ကူ၊ မတ် ၁၃၊ ၂၀၂၃။

မကွေးတိုင်း၊ ပခုက္ကူခရိုင်ထဲကတနေရာမှာ မတ်လ ၁၃ ရက်ဒီညနေပိုင်းက ကိုဖုန်းမော်/ကိုစိုးနိုင် ကျဆုံးခြင်း ၃၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ပခုက္ကူလူထုတိုက်ပွဲကော်မတီဝင်တွေက ဦးဆောင်ပြီး လူထုဟောပြောပွဲဖြစ်လုပ်ခဲ့တယ်လို့ သိရပါတယ်။

“အဓိကရည်ရွယ်ချက်ကတော့ ကိုဖုန်းဖော်ကျဆုံးခြင်း ၃၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ်၊ ပြီးတော့ PDF တွေရဲ့လက်နက်ကိုင်တော်လှန်ရေးအပြင် ကျောင်းသားနိုင်ငံရေးမှာ ကျောင်သားသမဂ္ဂတွေက ဘယ်လိုမျိုးရှေ့ကနေဦးဆောင်ပြီး ပေးဆပ်ခဲ့လဲ၊ လုပ်ခဲ့လဲဆိုတဲ့သမိုင်းကို ပေးချင်တာ” လို့ ပြောပါတယ်။

ဒါ့အပြင် ကျောင်းသားတွေအနေနဲ့လည်း ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်နေချိန်မှာ အားလုံးကြိုးစားပြီး အလုပ်လုပ်ကိုင်ကြဖို့ကိုလည်းရည်ရွယ်ပြီး ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

ကိုဖုန်းမော်ဟာ ရန်ကုန် စက်မှုတက္ကသိုလ်ကျောင်းသားတဦးဖြစ်ပြီး၊ ၁၉၈၈ ခုနှစ်၊ မတ်လ ၁၃ ရက်မှာ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်တော်လှန်ရင်း ကျဆုံးခဲ့ရတာလည်းဖြစ်ပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။