ကနီရှိ ပြည်သူ့အခြေပြုကျောင်း ၂ ကျောင်းက ကလေးတွေကို သံချဆေးတိုက်

0 3
0 3

ကနီ၊ မတ် ၁၃၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ ပြည်သူ့အခြေပြုကျောင်း ၂ ကျောင်းက ကလေးတွေကို မတ်လ ၁၂ ရက်မနေ့က သံချဆေးတိုက်ကျွေးခဲ့တယ်လို့ သိရပါတယ်။

အသက် ၂ နှစ်ကနေ ၁၂ နှစ်ထိကလေးပေါင်း ၃၅၀ ကို ကနီသပိတ်အင်အားစုဝင်တွေက တိုက်ကျွေးခဲ့တာဖြစ်ပြီး၊ ဆေးတိုက်ဖို့ကျန်နေသေးတဲ့ ကျေးရွာတချို့က ကလေးတွေကိုလည်း ထပ်ပြီးတိုက်သွားမယ်လို့ ကနီသပိတ်အင်အားစုမှာပါဝင်သူတဦးက အခုလိုပြောပါတယ်။

“နောက်ထပ်လည်း စစ်ရှောင်ရွာတွေကို ဆေးတိုက်ဖို့အစီအစဉ်တွေရှိနေပါသေးတယ်။ ဆေးတိုက်ဖို့ကျန်တဲ့ရွာတွေတောင် သိပ်မကျန်တော့ဘူး။ နောက် ၆ လနေရင် ကျနော်တို့သပိတ်အင်အားစုက အခု ဆေးတိုက်ခဲ့တဲ့ရွာကျောင်းမှာရှိတဲ့ကလေးတွေကို ဆေးဆက်ပြီးတိုက်သွားဦးမှာပါ။ ပြည်သူနဲ့အတူ အလှူရှင်၊ စေတနာရှင်တော့ ရှာရအုံးမှာပေါ့”လို့ ဆိုပါတယ်။

အခုလိုတိုက်တာဟာ ကိုးဗစ်ကာလကနေ အာဏာသိမ်းပြီးတဲ့နောက်မှာ ကလေးတွေရဲ့ကျန်းမာရေးစောင့်ရှောက်မှု မရရှိတော့တဲ့အတွက် မိမိတို့ကနီသပိတ်အင်အားစုအနေနဲ့ အခုလို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးရတာဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။

“ကလေးတွေ ကျန်းမာရေးဖွံ့ဖြိုးဖို့အတွက် ဆေးတိုက်ရတာ၊ ပြည်သူ့အခြေပြုကျောင်းတက်ပြီး ဘာစောင့်ရှောက်မှုမှမရဘူးဆိုတာ မဖြစ်စေချင်ဘူး။ ကျနော်တို့တွေ ကူမှရမယ်လေ”လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်ကလည်း ကနီနယ်အတွင်းက ကလေး ၅၀၀၀ ကျော်ကို ကနီသပိတ်အင်အားစုက သံချဆေးတိုက်ခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။