ရွှေဘိုခရိုင် PDF က ဒုတိယမြောက်ဆေးခန်းထပ်ဖွင့်

0 3
0 3

ဝက်လက်၊ မတ် ၁၂၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာအခြေစိုက်တဲ့ ရွှေဘိုခရိုင်တပ်ရင်း ၁၅ Eagle Guerrilla Forceအဖွဲ့ဟာ မတ်လ ၁၂ ရက် ဒီနေ့မနက်မှာ ဒုတိယမြောက် ကျန်းမာရေးဆေးခန်းကိုဖွင့်လှစ်ပေးခဲ့တယ်လို့ သိရပါတယ်။

ငွေကျပ် ၁၅ သိန်း တန်ဖိုးရှိဆေးဝါးပစ္စည်းတွေနဲ့ ချွဲစုတ်စက်အပြင် ငွေကျပ် ၁၀ သိန်းကိုပါမတည်ထားပြီး CDM ကျန်းမာရေး ဆရာမ ၂ ဦးနဲ့ ဖွင့်လှစ်ပေးခဲ့တာလို့ သိရပါတယ်။

” အဓိကကမီးဘေးသင့်ပြည်သူတွေနဲ့ စစ်ရှောင်တွေရဲ့ ကျန်းမာရေးအတွက်ပါ။ ကျေးရွာတွေကို လှည့်လည်ကုသဖို့ အစီအစဥ်ရှိပေမယ့်သွားလာဖို့ ကားမရှိသေးဘူး”လို့ Eagle Guerrilla Forceရဲ့တပ်ရင်းမှူး ဗိုလ်ကောက်ရိုးက ပြောပါတယ်။

ဆေးရုံဆေးခန်းသွားဖို့ဝေးတဲ့နေရာမှာ ဖွင့်ပေးရတာဖြစ်တဲ့အတွက် ပြည်သူတွေပျော်ရွှင်တာမြင်ရင် ဝမ်းသာပိီတိဖြစ်ရတယ်လို့ ဆိုပါတယ်။

စစ်ဘေးမီးဘေးကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်သူတွေကို အခမဲ့ကုသပေးပြီး သာမန်ရက်တွေမှာတော့ ဆေးခန်းရေရှည်ရပ်တည်ရေးအတွက် သင့်လျော်တဲ့နှုန်းနဲ့ ကျသင့်ငွေကိုပေးဆောင်ရတယ်လို့ ဆိုပါတယ်။

ပထမဆေးခန်းကို ပြီးခဲ့တဲ့ နှစ်မတ်လ ၂၂ ရက်က ဖွင့်လှစ်ခဲ့တာဖြစ်ပြီး စစ်ရှောင်တွေရဲ့အထွေထွေကျန်းမာရေးအပြင် အဲ့ဒီနှစ်ထဲမှာပဲ ပိုးထိလူနာ ၁၂ ဦးကို ကုသပေးခဲ့ရတယ်လို့ပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။