Burma Rangers အဖွဲ့က မီးဘေးသင့်သူတွေကို အိမ်တိုင်များ လှူဒါန်း

0 5
0 5

ရွှေဘို၊ မတ် ၉၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ မီးရှို့ခံရလို့ မီးဘေးသင့်နေတဲ့ ဒေသခံပြည်သူတွေကို နေအိမ်ဆောက်လုပ်ဖို့ မတ်လ ၈ ရက်မနေ့က အိမ်တိုင်တွေ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

မီးဘေးသင့်အိမ်ခြေ ၄၁ လုံးအတွက် အလျားပေ ၃၀၊ အနံပေ ၂၀၊ ခေါင်အမြင့် ၁၅ ပေ ရှိတဲ့ မြေထပ်နေအိမ် ဆောက်လုပ်နိုင်ဖို့ တအိမ်လျှင် တိုင် ၁၁ လုံး လှူဒါန်းခဲ့တာလို့ သိရပါတယ်။

“ကျတော်တို့ နှစ်ရက်တိုင် ခုတ်ပြီးတော့မှ အိမ်ဆောက်ဖို့ ထောက်ပံ့ခဲ့တာပါ။ ပြည်သူကို တတ်နိုင်တဲ့ဘက်က ထောက်ပံ့ခဲ့တာပါ။ လုံးပတ် ၁ ပေကျော်ရှိတဲ့ ယူကလစ်တိုင်တွေပါ” လို့ Burma Rangers(Shwe Bo)အဖွဲ့က ဗိုလ်အေဓီက ပြောပါတယ်။

ယူကလစ်သားတွေကို ခွဲစိတ်ဆောက်လုပ်မည်ဆိုပါက ၅ လက်မပတ်လည်ရှိတဲ့ သစ်သားတိုင်တွေရရှိမှာ ဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။

အဲဒီကျေးရွာကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ ရက်က စစ်ကောင်စီတပ်က အင်အား ၃၀ လောက်နဲ့ သေနတ်တွေ ပစ်ဖောက်ဝင်ရောက်ပြီး မီးရှို့ခဲ့တာလို့ သိရပါတယ်။

လက်ရှိမှာ မီးဘေးသင့်ပြည်သူတွေဟာ ကျေးရွာထဲမှာ တဲတွေဆောက်လုပ်ကာ နေထိုင်ကြရတယ်လို့ သိရပါတယ်။

စာတည်း – 007

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။