myaelatt athan

Sharing Information to the Local

ရွှေဘိုမှာ မိုင်းထိလို့ ပျူစောထီး တဦးသေပြီး စစ်သားတဦး ဒဏ်ရာရ

ရွှေဘို၊ မတ် ၆၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ဆိုင်ကယ်စီးလာတဲ့ စစ်သားနဲ့ ပျူစောထီးတဦး မတ်လ ၅ ရက်က မိုင်းထိခဲ့တာကြောင့် ပျူစောထီးတဦးသေကာ စစ်သားတဦး ပြင်းထန်ဒဏ်ရာ ရရှိသွားတယ်လို့ ဗိုလ်ကျားရိုင်း-ရွှေဘို LPDF က သတင်းထုတ်ပြန်ထားပါတယ်။

ရွှေဘိုမြို့နယ် ညောင်ကိုင်းရွာကနေ စစ်တပ်စခန်းချထားတဲ့ ဇီးဖြူကုန်းရွာကို အပြန် မနေ့နေ့လယ် ၁၂ နာရီလောက်မှာ ဂျိုးမြေဇင်းရွာနဲ့ မြို့လှရွာကြားမှာ မိုင်းမိခဲ့တာ​လို့ သိရပါတယ်။

“ဆိုင်ကယ်က စုတ်ပြတ်သွားပြီးတော့ ပျူကတော့ ပွဲချင်းပြီး သေသွားတယ်။ စစ်သားကတော့ ခြေတဖက် ပြတ်သွားတယ်။ သေနတ်ဖောက်သံလည်း မကြားရဘူး။ တနာရီလောက်ကြာတော့မှ အလောင်းနဲ့ ဒဏ်ရာရစစ်သားကို လာကောက်သွားတယ်” လို့ ဗိုလ်ကျားရိုင်း – ရွှေဘိုရဲ့တာဝန်ခံ ရဲဘော်ဗလကြီးက ပြောပါတယ်။

ခြေတဖက် ပြတ်သွားသူဟာ တပ်ကြပ်ငစိုးဆိုသူ ဖြစ်ပြီး သေဆုံးတဲ့ ပျူစောထီးဟာ တည်သီးတောရွာသား ဝေဠုဆိုသူ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ဗိုလ်ကျားရိုင်း-ရွှေဘို (LPDF) အဖွဲ့ ၊ ဗိုလ်ဂျပန်ကြီး (T.T.T) – SHWEBO (LPDF) အဖွဲ့၊ မတစ်ထောင်(တစ်ကောင်ဘွား ) – ဒီပဲယင်းအဖွဲ့နဲ့ ရွှေဘိုမြို့နယ် တိုက်နယ် -၂ မဟာမိတ်အင်အားစုတွေက ပူးပေါင်းခဲ့တာလို့ သိရပါတယ်။

ဗိုလ်ကျားရိုင်း ရွှေဘိုနဲ့ပူးပေါင်းအဖွဲ့ဟာ ဖေဖေါ်ဝါရီလ ၂၁ ရက်ကလည်း ရွှေဘိုမြို့နယ်ကို စစ်သားနဲ့ပျူစောထီး အင်အား ၇၀ ကျော်လောက်က ပေါက်ချိုင်ကျေးရွာကို စစ်ကြောင်းထိုးမီးရှို့နေချိန် တိုက်မိုင်း၊ ဆွဲမိုင်း၊ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့လို့ စစ်သားနဲ့ပျူစောထီးတွေ သေ​ဆုံးဒဏ်ရာ ရခဲ့ပါသေးတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။