ပေါက်၊ ဆယ်ဝရွာကို စစ်ကောင်စီတပ်က ရွာလုံးကျွတ်မီးရှို့နေ

0 58
0 58

ပေါက်၊ ဩဂုတ် ၄၊ ၂၀၂၅။

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဆယ်ဝကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမီးရှို့နေပြီး ဒေသခံတွေလည်းထွက်ပြေးနေကြတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။

ပခုက္ကူ တပ်မ ၁၀၁ က ထွက်လာတဲ့ အင်အား ၅၀၀ ကျော်ပါ စစ်ကြောင်းထဲက အင်အား ၇၀ ခန့်ဟာ ဩဂုတ် ၃ ရက် ညနေ ၅ နာရီကျော်ခန့်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ပြီးနောက် ရွာမှာညအိပ်ခဲ့ပြီး ဩဂုတ် ၄ ရက် ဒီမနက်အစောပိုင်းမှာ ကျေးရွာထဲက နေအိမ်တွေကို စတင်မီးရှို့ခဲ့တာလို့ဆိုပါတယ်။

“ပခုက္ကူ ၁၀၁ က လာနေတဲ့ ယာဥ်တန်းရှေ့ပွိုင့်က ထိုးတာ။ ရွာကို ညပိုင်းလောက်ကတည်းက ရောက်ပြီး ကိုယ့်အဖွဲ့တွေနဲ့ထိတွေ့မှုဖြစ်သေးတယ်။ မီးရှို့တာက ဒီမနက်မှ။ ရွာလုံးကျွတ်ရှို့မယ်နဲ့ တူတယ်။ စစ်ကြောင်းကတော့ အခုထိရွာထဲမှာရှိနေတုန်းဘဲ”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

အိမ်ခြေ ၁၅၀ ကျော်ရှိတဲ့ ဆယ်ဝရွာက ဒေသခံ ၅၀၀ ကျော်လည်းရွာကတိမ်းရှောင်နေကြပြီး စစ်ကြောင်းက ရွာထဲမှာရှိနေတာကြောင့် မီးလောင်ပျက်စီးမှု ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ အထက်ပါကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းအနီးမှာ ဒေသကာကွယ်ရေးအဖွဲ့တွေလည်းရှိနေသေးတာကြောင့် စစ်ရေးတင်းမာပြီး တိုက်ပွဲထပ်ဖြစ်မယ့်အခြေအနေလည်းရှိနေတယ်လို့ ဆိုပါတယ်။

ဇူလိုင် ၂၆ ရက်ကလည်း ဆယ်ဝရွာအနီးမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ဒေသကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။