myaelatt athan

Sharing Information to the Local

တန်းစီနေတဲ့စစ်သားတွေ လောင်ချာနဲ့ ပစ်ခံရလို့ ၄ ဦး ဒဏ်ရာပြင်းထန်ဟုဆို

0 3
0 3

ပခုက္ကူ၊ ဖေဖော်ဝါရီ ၂‌၈၊ ၂၀၂၃။

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့၊ အမှတ် ၂ စည်ပင်သာယာရပ်ကွက်ရှိ ရုံးပေါင်းစုံမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဖေဖော်ဝါရီလ ၂၆ ရက် ည ၉ နာရီဝန်းကျင်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger – MBT က သတင်းထုတ်ပြန်ထားပါတယ်။

အဲ့ဒီစုပေါင်းရုံးထဲ စစ်အင်အား ၃၀ လောက်နဲ့ တပ်စွဲထားတဲ့ စစ်သားတွေ တန်းစီနေချိန် ပုခုံးထမ်းလောင်ချာတွေ၊ ၄၀ မမ ဗုံးသီးတွေအပြင် လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ၁၅ မိနစ်လောက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားပြီး စစ်သား ၄ ဦး ပြင်းထန်ဒဏ်ရာရသွားတယ်လို့ ပြောပါတယ်။

“စစ်သားတွေက ရုံးပေါင်းစုံဝန်းထဲက ကွက်လပ်မှာ တန်းစီနေတာကို လက်နက်ကြီးတွေနဲ့ဦးစားပေးတိုက်ခိုက်ခဲ့တာပါ။ စစ်သားတွေဘက်ကလည်း လက်နက်ကြီးတွေ စက်သေနတ်တွေနဲ့ ပြန်ပစ်တယ်။ ၁၅ မိနစ်လောက် ကြာပါတယ်” လို့ MBTအဖွဲ့ရဲ့တာဝန်ခံ ဗိုလ်မိုက်ခဲက မြေလတ်အသံကို ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုအတွင်း ဒဏ်ရာရ စစ်ကောင်စီတပ်သား ၄ ဦးကို ရေစကြိုမြို့ဆေးရုံမှာ ဆေးကုသပေးနေရတယ်လို့သူက ဆက်ပြောပါတယ်။

ရုံးပေါင်းစုံဝန်းအတွင်းမှာ စစ်အာဏာသိမ်းပြီးချိန်ကတည်းက စစ်ကောင်စီတပ်သားတွေက တပ်စွဲထားတာဖြစ်ပြီး လက်ရှိမှာလည်း စစ်သားတွေ အဝင်အထွက် တပ်ပြောင်းတပ်လွှဲ လုပ်တဲ့နေရာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၂၅ ရက် ညပိုင်းကလည်း ရေစကြိုမြို့နယ်၊ အလယ်သောင်ကျေးရွာအုပ်စု၊ ဂွက်ကြီးကျေးရွာမှာ စစ်တပ်အထိုင်ချဖို့ တောင်းဆိုသူ ပျူစောထီး အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦး ပစ်သတ်ခံခဲ့ရတယ်လို့သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။