မြေလတ်အသံ၊ မေ ၁၃၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းတွင်းကျေးရွာစာသင်ကျောင်းကို မေ ၁၂ ရက် မနေ့ကမနက် ၉ နာရီခွဲမှာ စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းတက်နေတဲ့ ကလေးငယ်တွေနဲ့ ဆရာမတွေ အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရပါတယ်။
ဒေသခံတွေနောက်ဆုံးအတည်ပြုထားတဲ့စာရင်းအရ ကျောင်းသားကျောင်းသူ ၂၀ ဦးနဲ့ ဆရာမ ၂ ဦး စုစုပေါင်း ၂၂ ဦးသေဆုံးတယ်လို့သိရပါတယ်။ ဒဏ်ရာရသူ ၅၀ ကျော်ကိုလည်း ဆေးကုသမှုတွေ ပေးနေရပြီး ကုသမှုအတွက်ဆေးဝါးလိုအပ်မှုတွေလည်း ရှိနေပါတယ်။
ဒီဖြစ်စဥ်အပြင် နောက်ဆက်တွဲအိုးထိမ်းတွင်းရွာအခြေအနေတွေနဲ့ပတ်သက်ပြီး ကျေးရွာဒေသခံတဦးကို မြေလတ်အသံသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။
တည်းဖြတ် – HP