စစ်ကောင်စီက ပျူစောထီးတွေကိုပါ လူသားဒိုင်းသဖွယ် အသုံးပြုနေ

0 3
0 3

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၁၅၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကမ်းဖြူအုပ်စု၊ စိန်နားရွာကို ဒေသခံကာကွယ်ရေးတပ်တွေက ဝင်ရောက်စီးနင်းခဲ့တာကြောင့် ကျေးရွာအတွင်းက ပြောင်းရွှေ့လိုတဲ့ ပျူစောထီးအဖွဲ့ဝင်တွေကိုပါ စစ်ကောင်စီကခွင့်မပြုပဲ လူသားဒိုင်းသဖွယ်အသုံးပြုနေတယ်လို့ သိရပါတယ်။

အိမ်ခြေ ၇၀ နဲ့ လူဦးရေ ၂၅၀ ဦးလောက်ရှိပြီး ပျူစောထီးအများစုနေထိုင်တဲ့ စိန်နားရွာကို ဖေဖော်ဝါရီလ ၉ ရက်ညမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း – ၁၆ ရွှေဘိုခရိုင် -TRF နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် – တပ်ရင်း ၁ ကန့်ဘလူခရိုင်တို့က စီးနင်းတိုက်ခိုက်အပြီး ပြောင်းရွှေ့ခွင့်မပြုတာလို့ ဒေသခံတဦးက ပြောပါတယ်။

“ဖေဖေါ်ဝါရီလ ၉ ရက်ညက တိုက်ခိုက်ခံရပြီးကတည်းက စိန်နားက ပျူတွေက မနေရဲတော့လို့ တခြားကိုရွှေ့မယ်ပြောတာကို စစ်သားနဲ့ ကျေးရွာခေါင်းဆောင်လည်းဖြစ် ပျူစောထီးခေါင်းဆောင်က မပြောင်းခိုင်းဘူး။ ပြည်သူကိုမပြောနဲ့ သူတို့လူ သူတို့ လူသားဒိုင်းလုပ်ပြီး ချနင်းနေကြတာ” လို့ ပြောပါတယ်။

လက်ရှိမှာတော့ စိန်နားရွာသားအားလုံးကို ဖုန်းကိုင်ဆောင်ခွင့်မပေးပဲ ဆေးဝါးကုသဖို့ သွားပါကလည်း အခြားရွာမှာ ညအိပ်ခွင့်မပြုသလို ရွာခံအမျိုးသမီးတွေကအစ ကင်းစောင့်နေရတယ်လို့ သူက ဆက်ပြောပါတယ်။

ဒါအပြင်စစ်သားနဲ့ ပျူစောထီးတွေဟာ စိန်နားရွာအနီးကပ်လျက်က ရွာသားတဦး စိုက်ပျိုးထားတဲ့ ၃ ဧကရှိ ဌက်ပျောခြံကိုလည်း အကြောင်းမဲ့ ဖျက်ဆီးပစ်တယ်လို့ ဆိုပါတယ်။

စိန်နားရွာမှာ ကန့်ဘလူအခြေစိုက် ၆၀၀၆ တင့်ကားတပ်က တပ်ကြပ်အဆင့်ပါ စစ်သား ၂ ဦးလောက်နဲ့ ပျူစောထီးတွေခေါင်းဆောင် အောင်ခင် ဆိုသူတို့ ဦးဆောင်နေတာလို့ သိရပါတယ်။

ကာကွယ်ရေးတပ်တွေက ဖေဖေါ်ဝါရီလ ၉ ရက်ည စိန်နားရွာကို ဝင်ရောက်စီးနင်းချိန်မှာ ဘန်ကာထဲမှာရှိတဲ့ စစ်သား ၂ ဦးရဲ့ အလောင်းကိုတွေ့ခဲ့ပြီး သူတို့ကိုင်ထားတဲ့ ကာဘိုင်တလက်၊ MA1 တလက်၊ ကျည်ဘောက်နဲ့ ကျည်ဆံတချို့ကို ယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။