မင်းလှက ရွာ ၂ ရွာကို စစ်ကောင်စီမီးထပ်ရှို့ နေ

0 39
0 39

၅ ရက်အတွင်း နေအိမ် ၂၀၀ နီးပါး မီးရှို့ဖျက်ဆီးခံရ

မြေလတ်အသံ၊ ဇူလိုင် ၂၊ ၂၀၂၅။

ပဲခူးတိုင်း၊ မင်းလှမြို့နယ်က ကျေးရွာ ၂ ရွာကို ဇူလိုင် ၂ ရက်ဒီမနက်မှာ စစ်ကောင်စီစစ်ကြောင်းက မီးထပ်ရှို့နေတယ်လို့ မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

ဇရစ်မျှောင်ရွာနဲ့ ရွှေပေါက်ပင်ရွာကို မီးရှို့ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကတော့ ကျေးရွာတွေကနေဆုတ်ခွာသွားတာရှိတယ်လို့ ဆိုပါတယ်။

“ဇရစ်မျှောင်ရွာကို ဒီကနေ့(ဇူလိုင်လ ၂ ရက် ) မနက်၁၁နာရီခန့်မှာ စခတွေ မီးတင်ရှို့နေတယ်ဗျ။ ရွှေပေါက်ပင်ရွာကိုလည်း ရှို့နေတယ်။ စကစတွေက တချို့တပ်ဆုတ်သွားခဲ့တာရှိတယ်။ တချို့က ရွာတွေထဲမှာ တပ်စွဲကျန်ခဲ့ကြတာ”လို့ မင်းလှမြို့နယ်ပကဖမှ တာဝန်ရှိသူတဦးကပြောပါတယ်။

ဒီကျေးရွာတွေအတွင်း နေအိမ်ပျက်စီးမှုအခြေအနေတွေကိုတော့ ဆက်လက်စုံစမ်းနေပါတယ်။

အဆိုပါကျေးရွာအပြင် မင်းလှမြို့နယ်အတွင်းရှိ နောက်ထပ်ကျေးရွာ ၁၁ ရွာက နေအိမ် ၁၈၅ လုံးကိုလည်း စစ်ကောင်စီစစ်ကြောင်းကမီးရှို့ဖျက်ဆီးခဲ့ပါတယ်။

အဆိုပါအရေအတွက်ဟာ ဇွန် ၂၀ ရက်ကနေ ဇွန် ၂၅ ရက်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မီးရှို့မှုကြောင့်ပျက်စီးခဲ့ရတဲ့အိမ်ခြေအရေအတွက်ကို မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားတဲ့ စာရင်းဖြစ်ပါတယ်။

စစ်အင်အား ၅၀၀ ခန့်နဲ့ စစ်ကြောင်း ၃ ခုခွဲဖြန့်ကာ မင်းလှမြို့နယ်ကို စစ်ကြောင်းထိုးဝင်ခဲ့ချိန် ၅ ရက်အတွင်း တောင်ပြတ်ရွာသစ်၊ ရွေးကုန်း၊ ဦးတိုကျွဲလမ်းစု၊ ဗိုလ်တထောင်၊ ဆားချောင်း၊ ဆင်အိုင်ချောင်းပေါက်၊ ဂန့်ဂေါ်ပင်၊ ငလှစမ်း၊ စမ်းဘုတ်၊ ခွက်မ၊ ကျွဲမကိုင်းစတဲ့ ကျေးရွာတွေကို မီးရှို့ခဲ့တာပါ။

ဇွန် ၂၀ ရက်မှာ တောင်ပြတ်ရွာသစ်၊ ဇွန် ၂၂ ရက်မှာ ရွေးကုန်း၊ ဦးတိုကျွဲလမ်းစု၊ ဇွန် ၂၃ ရက်မှာ ဗိုလ်တထောင်၊ ဆားချောင်း၊ ဆင်အိုင်ချောင်းပေါက်၊ ဂန့်ဂေါ်ပင်၊ ငလှစမ်း၊ ဇွန် ၂၄ ရက်မှာ စမ်းဘုတ်၊ ဇွန် ၂၅ ရက်မှာ ခွက်မ၊ ကျွဲမကိုင်းစတဲ့ကျေးရွာတို့ အသီးသီးမီးရှို့ခံခဲ့ရတာဖြစ်ပါတယ်။

မီးလောင်ပြာကျခဲ့တဲ့ အိမ်ခြေ ၁၈၅ လုံးမှာ တောင်ပြတ်ရွာသစ်မှ ၂၅လုံး၊ ရွေးကုန်းမှ ၅လုံး၊ ဦးတိုကျွဲလမ်းစုမှ ၄လုံး၊ ဗိုလ်တထောင်မှ ၂၀လုံး၊ ဆားချောင်းမှ ၈လုံး၊ ဆင်အိုင်ချောင်းပေါက်မှ ၈လုံး၊ ဂန့်ဂေါ်ပင်မှ ၅ လုံး၊ ငလှစမ်းမှ ၅၀လုံး၊ စမ်းဘုတ်မှ ၅ လုံး၊ ခွက်မမှ ၁၅ လုံး၊ ကျွဲမကိုင်းမှ ၄၀ လုံးတို့ဖြစ်တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။