myaelatt athan

Sharing Information to the Local

စဥ့်ကူးမှာ အမျိုးသား ၃ ဦး ပစ်သတ်ခံရ

0 1
0 1

စဥ့်ကူး၊ ဖေဖော်ဝါရီ ၁၅၊ ၂၀၂၃။

မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကူးမြို့နယ်၊ ရွာသစ်ကြီးကျေးရွာနဲ့ ငပြင်းအင်းကျေးရွာတွေက အမျိုးသား ၃ ဦး ပစ်သတ်ခံလိုက်ရတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မနက်ပိုင်းတွေမှာ အမျိုးသား ၃ ဦးကို လက်နက်ကိုင်အဖွဲ့တွေက နေအိမ်တွေကနေ ဖမ်းဆီးပြီး လမ်းပိုင်းမှာ ပစ်သတ်လိုက်တာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ဟုတ်ပါတယ်။ သူတို့တွေကို နေအိမ်တွေကနေ ဖမ်းသွားပြီး လမ်းမှာပစ်သတ်ခဲ့တာ။ ရွာသစ်ကြီးက အမျိုးသား ၁ ယောက်နဲ့ ငပြင်းအင်းက သားအဖ ၂ ဦးပါ။ ကျနော်တို့ သိရသလောက်တော့ သူတို့က ပုံမှန်ဒေသခံဘဲပေါ့။ ဒါပေမယ့် နောက်ကွယ်မှာ သူတို့ဘာလုပ်တယ်ဆိုတာကတော့ မသိရဘူး” လို့ ပြောပါတယ်။

ယမန်နေ့ မနက် ၉ နာရီခွဲ အချိန်ခန့်က ရွာသစ်ကြီးကျေးရွာနေ ဦးမင်းအောင်၊ ၄၃ နှစ်ဟာ နေအိမ်မှာရှိနေချိန်လက်နက်ကိုင်ဆောင်ထားသူ ၅ ဦးက ဆိုင်ကယ်တွေနဲ့ ရောက်လာပြီး ဦးမင်းအောင်ကို ခေါ်ဆောင်သွားကာ ကျေးရွာရဲ့အရှေ့ဘက်အရောက်မှာ ပစ်ခတ်ခဲ့ရာ ဦးမင်းအောင်မှာ ရင်ဘတ်၊ ပါးတို့မှာ ကျည်ဖောက်ဝင်ဒဏ်ရာတွေရပြီး နေရာမှာဘဲ သေဆုံးသွားတယ်လို့ သိရပါတယ်။

အဲဒီနောက် မနက် ၁၀ နာရီခွဲအချိန်မှာ စဥ့်ကူးမြို့နယ်၊ ငပြင်းအင်းကျေးရွာနေ ဦးမန်း ၅၃ နှစ်နဲ့ သားဖြစ်သူ မောင်မောင်ခင် ၂၅ နှစ် တို့ ၂ ဦးဟာ နေအိမ်မှာရှိနေချိန် သေနတ်သမားတွေ ရောက်လာပြီး ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

သားအဖ ၂ ဦးကိုတော့ ရှောက်ပင်ရိုးကျေးရွာနဲ့ ရွာသစ်ကြီးကျေးရွာကြား ဆည်မြောင်းဘောင်ပေါ်မှာ သေနတ်နဲ့ပစ်ခတ်ခဲ့လို့ ဦးမန်း နောက်စေ့ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ မောင်မောင်ခင် နောက်စေ့ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်နဲ့ နေရာမှာဘဲ သေဆုံးသွားတယ်လို့ သိရပါတယ်။

အဲဒီပစ်ခတ်မှုတွေကိုတော့ ဘယ်အဖွဲ့က ဘာကြောင့်လုပ်သွားတယ်ဆိုတာ မြေလတ်အသံက စုံစမ်းနေပါတယ်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကလည်း မတ္တရာမြို့နယ်၊ လက်ကောင်းကြီးကျေးရွာအုပ်စု၊ ကန်ဖြူကျေးရွာအနီးမှာ စဥ့်ကူးမြို့နယ်၊ လက်ပန်းလှကျေးရွာက လူမှုကူညီရေးအသင်းကား ပစ်ခံရလို့ ယာဥ်မောင်းဒဏ်ရာရကာ ကားပျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။