ဗိုလ်ချုပ်မွေးနေ့မှာ နိုင်ငံရေးအသိပညာဟောပြောပြီး ကျဆုံးရဲဘော်တွေကို အလေးပြုခဲ့တဲ့ ဆိပ်ဖြူ PDF

0 2
0 2

မြေလတ်အသံ၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၂၃။

ဒီနေ့မှာကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်အနေနဲ့ တပ်ဖွဲ့မှာရှိတဲ့ ရဲဘော်တွေကို နိုင်ငံရေး အသိပညာဟောပြောပေးခဲ့သလို ကျဆုံးရဲဘော်တွေကို အလေးနီပြုတဲ့ အစီအစဥ်တွေလုပ်ခဲ့ကြတယ်လို့ ဆိပ်ဖြူဘာမထီ PDF ဆီက သိရပါတယ်။

တော်လှန်ရေးရဲဘော်တွေအနေနဲ့ လက်နက်ကိုင် တော်လှန်နေရုံမဟုတ်ပဲ တဖက်မှာလည်း နိုင်ငံရေးအတွေးအခေါ်တွေ တွေးပြီးတော်လှန်ရေးလုပ်ရင် ပိုပြီး မြန်ဆန်မှာဖြစ်တဲ့အကြောင်းတွေ ဟောပြောဖြစ်ခဲ့တယ်လို့ ဆိပ်ဖြူ ဘာမထီက ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

” ဟုတ် အမှန်ပြောရရင် ကျနော်တို့ဆီက အညာ‌သားတွေများတော့ သူတို့က လက်နက်ကိုင်ပြီး စကစကို နိုင်အောင်တိုက်ချင်ကြတာ၊ ဒါပေမယ့် လက်နက်နဲ့ချည်း တိုက်လို့မရဘူးဆိုတာရယ် တဖက်ကလည်း နိုင်ငံရေး အတွေး‌အခေါ်လေးတွေတွေးပြီး လုပ်တော့ ပိုမြန်ဆန်မယ်ဆိုတာ ပြောပြပေးတာဗျ” လို့ ပြောပါတယ်။

တော်လှန်ရေးပြီးသွားချိန်မှာလည်း ဘေးကနေရာယူမယ့်သူတွေရဲ့ လှည့်စားမှုမခံရအောင် အခုလို တပ်ဖွဲ့ဝင်တွေကို အသိပညာပေးတာတွေပါလုပ်ပေးတာဖြစ်တယ်လို့ဆိုပါတယ်။

ဒီနေ့ မနက် ၉နာရီကနေ ၁၁နာရီအထိ ပြည်သူ့တော်လှန်ရေး တပ်ဦး-PRF နဲ့ ဆိပ်ဖြူဘာမထီ PDF တို့ မဟာမိတ်ဖွဲ့ရင်း အင်အား ၇၀ ကျော်နဲ့ အခမ်းအနားကိုလုပ်ခဲ့ပြီး PRF တာဝန်ခံက ဟောပြောခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။