myaelatt athan

Sharing Information to the Local

ပခုက္ကူနယ်၊ စံပြရွာက အိမ်ခြေ ၁၀၀ နီးပါးကို စစ်ကောင်စီ မီးရှို့ခဲ့

0 2
0 2

မကွေး၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၂၃။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ စံပြကျေးရွာက ဒေသခံနေအိမ် ၁၀၀ နီးပါးကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၂ ရက် မနေ့ကမနက် ၉ နာရီလောက်မှာ မြစ်ခြေဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီအင်အား ၁၀၀ ကျော်ဟာ စံပြကျေးရွာကိုရောက်လာပြီး နေအိမ်တွေကို မီးတင်ရှို့ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

“ပြီးခဲ့ရက်ပိုင်းက မြစ်ချေက စကစ မွေးမြူရေးတပ် တိုက်ခိုက်ခံရလို့ သေဆုံးတာတွေရှိတာကို မကျေနပ်လို့ ရွာတွေဘက်ကို စစ်ကြောင်းထိုးလာတာ။ မနေ့ကဆို လာတာက အင်အား ၃၀၀ ကျော်လောက်က ကျေးရွာတွေဘက်ကို စစ်ကြောင်းတွေခွဲပြီးလာကြတာ။ သူတို့တွေလာမယ်ဆိုတာသိလို့ ရွာသားတွေက ကြိုရှောင်နေကြတာ။ အဲဒါကို အိမ်တွေ မီးရှို့သွားတယ်” လို့ ပြောပါတယ်။

ခုလို မီးရှို့သွားလို့ အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ စံပြရွာဟာ ဘုန်းကြီးကျောင်းတွေ အပါအဝင် အားလုံးနီးပါး မီးလောင်သွားပြီး နေအိမ် ၅ လုံးသာ ကျန်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေ လာမယ်ဆိုတဲ့ သတင်းအရ စံပြကျေးရွာခံ ၆၀၀ ကျော်ဟာ ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

စစ်ကောင်စီအဖွဲ့ဟာ စံပြရွာကို မီးရှို့ပြီးနောက် ရေချိုကျေးရွာဘက်ကို ဆက်ထွက်သွားပြီး ညနေပိုင်းမှာ ကျေးရွာအနီးက PDF စခန်းတခုကို ဝင်ရောက်မီးရှို့သွားတယ်လို့ ဆိုပါတယ်။

PDF စခန်းကို ဝင်ရောက်မီးရှို့ချိန်မှာ စခန်းက ဆိုင်ကယ်တွေနဲ့အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းသွားပြီး တဲတွေကိုတော့ မီးရှို့သွားတယ်လို့ ဒေသခံတွေကပြောပေမယ့် ဒီဖြစ်စဥ်နဲ့ပက်သက်ပြီး မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဖေဖော်ဝါရီလ ၁၁ ရက်ကလည်း မြစ်ခြေ မွေးမြူရေးတပ်စခန်းကို PDF ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်လို့ စစ်ကောင်စီဘက်က အရာရှိတွေအပါအဝင် ၇ ဦး သေဆုံးပြီး ၃ ဦး ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက်ပိုင်းမှာ စစ်ကောင်စီဘက်က အင်အား ၃၀၀ ကျော်နဲ့ မြစ်ခြေဘက်က ကျေးရွာတွေကို အခုလို စစ်ကြောင်းထိုးနေတာလည်း ဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။