1
စစ်ကိုင်း၊ ဖေဖော်ဝါရီ ၁၁၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ တန့်ဆည်သပိတ်အင်အားစုမှ “ဖိရင်ကြွ ထိရင်ချ နိုင်ငံသစ်ကို တည်ဆောက်ကြ” ၊ “တရားမဝင်အတုအယောင် ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ” ´စတဲ့ ဘန်နာတွေ ကိုင်ဆောင်ပြီး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ဖေဖော်ဝါရီလ ၁၁ ရက် ဒီမနက်ပိုင်းမှာ လူဦးရေ ၁၀၀ ကျော်နဲ့ တန့်ဆည်မြို့နယ်ထဲက တနေရာမှာ ချီတက်ဆန္ဒပြခဲ့ကြတာလည်း ဖြစ်ပါတယ်။