တရားမဝင် ရွေးကောက်ပွဲကို လက်မခံကြောင်း တန့်ဆည်မှာ သပိတ်မှောက်

0 2
0 2

စစ်ကိုင်း၊ ဇန်နဝါရီ ၂၈၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်က ဒေသခံတွေဟာ စစ်ကောင်စီက ပြုလုပ်မယ့်ရွေးကောက်ပွဲကို လက်မခံကြောင်း သပိတ်ကို ဇန်နဝါရီလ ၂၈ ရက်ဒီနေ့မနက်မှာ ပြုလုပ်ခဲ့ပါတယ်။

တန့်ဆည်ပင်မသပိတ်အဖွဲ့ဝင်တွေက ဦးဆောင်ပြီး တန့်ဆည်မြို့နယ်ထဲက လူဦးရေတရာကျော်ဟာ “တရားမဝင် အတုအယောင်ရွေးကောက်ပွဲ လူထုအားနဲ့ တိုက်ဖျက်ကြ” စာသားပါ ဘန်နာကိုကိုင်ဆောင်ပြီး အချိန် ၂ နာရီကြာ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သပိတ်မှာပါဝင်သူတဦးက ပြောပါတယ်။

“သပိတ်ကတော့ နေ့တိုင်းနီးပါးလို့ ပြောလို့ရတယ်။ ပုံမှန်အားဖြင့် တပတ်ကို လေးကြိမ် အနည်းဆုံးလုပ်တယ်။ နောက်ထပ်လည်း ဆက်လုပ်သွားဖို့ရှိတယ်၊ လူထုအသံတွေ အမြဲထုတ်ဖော်နေမှာပါ” လို့ ဆိုပါတယ်။

တန့်ဆည်ပင်မသပိတ်ဟာ စစ်ကောင်စီအာဏာသိမ်းပြီးကတည်းက ဒီကနေ့အထိ မရပ်မနား သပိတ်တွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။