⁨နယ်မြေလုံခြုံရေး၊ ပြည်သူနဲ့ထိတွေ့ဆက်ဆံရေးအတွက် ပခုက္ကူလမ်းပိုင်းတနေရာကို PDF တွေစစ်ဆေး(Reel)

0 4
0 4

ပခုက္ကူ၊ ဇွန်၁၇၊ ၂၀၂၅။

မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းမှာနယ်မြေလုံခြုံရေး၊ ပြည်သူနဲ့ထိတွေ့ဆက်ဆံရေးအတွက် ပခုက္ကူလမ်းပိုင်းတနေရာကို စစ်ဆေးခဲ့တယ်လို့ ပခုက္ကူခရိုင်အမှတ် ၁၇ တပ်ရင်းက ဇွန် ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။

ပခုက္ကူလမ်းပိုင်းတနေရာကို မေ ၃၀ ရက်နေ့မနက်က နေ ညနေအထိ ရှောင်တခင်စစ်ဆေးခဲ့တာပါ။

ပြည်သူတွေရဲ့လုံခြုံရေး၊ သွားရေးလာရေးအဆင်ပြေဖို့ ပြည်သူ့ဆက်ဆံရေးနဲ့မူးယစ်ဆေးဝါးကိစ္စတွေအတွက် စစ်ဆေးခဲ့တာပါလို့ တပ်ရင်း ၁၇ တာဝန်ရှိသူကပြောပါတယ်။

အခုလိုစစ်ဆေးရာမှာ ပြည်သူတွေဆီကငွေကြေးကောက်ခံတာမျိုး မလုပ်ခဲ့ဘူးလို့လည်းဆိုပါတယ်။

ဒါ့အပြင် အသစ်ဝင်ရောက်လာတဲ့ရဲဘော်တွေအတွက် စစ်သုံးဖိနပ်နဲ့ ယူနီဖောင်းတွေလိုအပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ ကူညီပေးကြဖို့ကိုလည်းတပ်ရင်းရဲ့တာဝန်ရှိသူကပြောပါတယ်။

တည်းဖြတ် – HP⁩

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။