myaelatt athan

Sharing Information to the Local

မတ္တရာမှာ လူဦးရေစာရင်းကောက်နေတဲ့ စစ်အုပ်စု ဒရုန်းနဲ့တိုက်ခိုက်ခံရ

မတ္တရာ၊ ဇန်နဝါရီ ၂၄၊ ၂၀၂၃။

မတ္တရာမြို့နယ်မှာ လူဦးရေစာရင်းလိုက်ကောက်နေတဲ့အဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဇန်နဝါရီလ ၂၃ ရက်က ဒရုန်းအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Unicorn ပြောက်ကျားတပ်ဖွဲ့ ဆီက သိရပါတယ်။

မတ္တရာမြို့နယ်၊ ဟင်္သာကုန်းကျေးရွာမှာ မနေ့ကမနက် ၁၁ နာရီလောက်က လူဦးရေစာရင်းလိုက်ကောက်နေချိန်မှာ ဒရုန်း ၄ စီးနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ပြည်သူတွေသတင်းပေးလို့ သွားရောက်တိုက်ခိုက်ခဲ့တာပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ လောက်နဲ့ကျန်တာ လဝကဖြစ်မယ် ဘယ်အဖွဲ့တွေလည်းတော့ မသိရဘူး သူတို့လာတိုင်းအဲဒီဘုန်းကြီးကျောင်းကိုလာတယ် ဘုန်းကြီးကကျောင်းမှာမနေတော့ဘူး”လို့ Unicorn ပြောက်ကျားတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဒရုန်း၄စီးနဲ့ ဗုံး ၇ လုံးကြဲခဲ့ရာမှာ ၅ လုံးပေါက်ကွဲခဲ့ပြီး ထိခိုက်မှုအသေးစိတ်ကို မသိရပေမယ့် မဟာမိတ်တပ်ဖွဲ့တွေ ထိခိုက်မှုမရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

အဲဒီစစ်ဆင်မှုမှာ ဗိုလ်ကောင်းကင်၏ တော်လှန်ရေးအင်အားစု၊ ADRF (Madaya)၊ SKY HERO (Madaya)၊ A B R F – Madaya၊ ဒေါင်းစစ်သည် (Madaya)၊ နတ်ဆိုး‌မြေအောက်တော်လှန်ရေးတပ်ဖွဲ့၊Unicorn Guerrilla Force တို့ပူးပေါင်းခဲ့ကြတာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၂ ရက်ကလည်း Unicorn ပြောက်ကျားတပ်ဖွဲ့ဟာ မတ္တရာမြို့နယ် သုံးဆယ်ပေးကျေးရွာမှာ တပ်ဆွဲထားတဲ့စစ်တပ်က စစ်ရှောင်နေတဲ့ဇီးကျွန်းကျေးရွာကပြည်သူ့နေအိမ်ကပစ္စည်းတွေကို ဝင်ရောက်ယူငင်နေတာကြောင့်ဒရုန်းနဲ့ဗုံးသီးချကာတိုက်ခိုက်ခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။