myaelatt athan

Sharing Information to the Local

အုတ်ဖိုမြို့နယ်က ပျူစောထီးခေါင်းဆောင်ဆိုသူ ပစ်ခတ်ရှင်းလင်းခံရ

0
0

ပဲခူး၊ ဒီဇင်ဘာ ၂၈၊ ၂၀၂၂။

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်က ပျူစောထီးခေါင်းဆောင်လို့နာမည်ကြီးသူတဦးကို ဒီဇင်ဘာလ ၂၈ ရက်ဒီညနေမှာ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီဂဠုန်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းအုပ်စု၊ ဗိုလ်ရုံစုကျေးရွာက ပျူခေါင်းဆောင်လို့လူသိများသူ အသက် ၃၆ နှစ်အရွယ် ကိုချစ်မင်းသူကို ဒီနေ့ညနေ ၆ နာရီခွဲလောက်က သေနတ်နဲ့ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

“ပစ်ခတ်တဲ့အချိန်မှာ ညီအကို ၂ယောက်တွေ့တယ်။ ဒါပေမယ့် အပြစ်မရှိသူကိုလွှတ်ပေးပြီး အပြစ်ရှိတဲ့ချစ်မင်းသူကိုပဲ သေနတ်နဲ့ပစ်ခတ်ရှင်းလင်းခဲ့တာပါ” လို့ သာယာဝတီဂဠုန်တပ်ဖွဲ့ (ခရိုင်)တာဝန်ခံကပြောပါတယ်။

ကိုချစ်မင်းသူဆီက ဖုန်း၊ ပါဝါဘဏ်၊ နာရီတလုံးနဲ့ ငွေကျပ် ၆၇၀၀ အပြင်အခြားစာရွက်စာတမ်းတွေကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာလ ၂၇ ရက်ကလည်း သူတို့အဖွဲ့ဟာ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့မှာ ဆိုင်ကယ်တွေကို ဖမ်းဆီးစစ်ဆေးပြီးပြန်လာတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။