myaelatt athan

Sharing Information to the Local

လူမူကူညီရေးကားကိုမောင်းနှင်လာတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရလို့သေဆုံးမှုရှိနိုင်

0
0

စစ်ကိုင်း၊ ဒီဇင်ဘာ ၂၇၊ ၂၀၂၂။

စစ်ကိုင်းမြို့ကနေ မုံရွာဘက်ကို လူမူကူညီရေးကားတစီးနဲ့လာတဲ့စစ်ကောင်စီတပ်သားတွေ ဒီဇင်ဘာလ ၂၆ ရက်မနေ့ကည ၉ နာရီဝန်းကျင်မှာ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် သေဆုံးမှုတွေရှိနိုင်တယ်လို့ သိရပါတယ်။

အင်အား ၁၀ ဦးခန့်လိုက်ပါလာတဲ့အဲ့ဒီကားကို စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာနဲ့ အလ္လကပ္ပရွာကြားကိုအရောက်မှာ မိုင်းဆွဲတိုက်ခိုက်လိုက်တာဖြစ်တယ်လို့ People’s Knight Defence Force Myinmuမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ဒီလူမူကူညီရေးကားနဲ့ စစ်ကောင်စီတွေလာတဲ့အခါမှာ ကျနော်တို့တပ်ဖွဲ့တွေကစောင့်ကြိုပြီးတော့ မိုင်းဆွဲလိုက်တာ။ ရှေ့ထွက်မိုင်းနဲ့ပေါ့။ ကားရဲ့မှန်တွေကတော့ ကွဲထွက်သွားတယ်။ လူတွေဘယ်နှစ်ဦး ထိခိုက်သေဆုံးလဲတော့ မသိခဲ့ဘူး။ ကျနော်တို့ကအရေးပေါ်လုပ်လိုက်ရတာဆိုတော့ ဗီဒီယိုမှတ်တမ်းတောင် မရိုက်ခဲ့ရဘူး”လို့ ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက ကားပေါ်ကနေလက်နက်ငယ်တွေနဲ့ ယမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် ကာကွယ်ရေးတပ်တွေဖက်က လက်နက်အင်အားမရှိတာကြောင့် ပြန်လည်ပစ်ခတ်မှုမပြုလုပ်ခဲ့ပဲ အထိအခိုက်မရှိပြန်ဆုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အလားတူ ဒီဇင်ဘာလ၂၆ ရက်မနက် ၃ နာရီဝန်းကျင်မှာလည်း စစ်ကိုင်းအခြေစိုက် တမခ ၃၃ ကနေ ထွက်လာတဲ့ အင်အားအပြည့်ပါစစ်ကား ၃ စီးကို မြင်းမူမြို့နယ်က အထက်ပါကျေးရွာ ၂ ရွာကြားမှာပဲ ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်သေးတယ်လို့ People’s Knight Defence Force Myinmu တာဝန်ရှိသူက ဆက်ပြောပါတယ်။

“ပထမအကြိမ်မှာလည်း တော်တော်သေဆုံးမှုရှိနိုင်တယ်။ ဒုတိယအကြိမ်မှာလည်း အတူတူပဲပေါ့။ ကျနော်တို့တွေက မိုင်းတွေကိုကြိုထောင်ပြီးတော့ ကားကမိုင်းအပေါ်ကိုတက်တဲ့အခါမှ မိုင်းခွဲတိုက်တာ”လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုတွေကို People’s knight Defense Force Myinmu ( PKDF-MMU)၊ People’ Army To Fight Dictatorship အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PAFD)၊ TAUNGTHA People Defense Force (TTAPDF)၊ D.B.B.F- MMU ၊ PAFD တပ်ခွဲ Dog Killers People Defense Force Myinmu ( DKPDF) စတဲ့ ညီနောင်မဟာမိတ်အဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလည်းဖြစ်ပါတယ်။

တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိနိုင်တယ်လို့ မြေပြင်တိုက်ခိုက်ရေးရဲဘော်တွေက ခန့်မှန်းပေမယ့် မြေလတ်အသံက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့ဒီဇင်ဘာလ၂၃ ရက်မှာလည်း စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရဲစခန်းကနေ မြင်းမူနယ်ဖက်ကို အင်အားဖြည့်ဖို့သွားတဲ့ စစ်ကောင်စီတပ်သားတွေကို Demon King Defence Force က ပဒေသာမိုင်း ၁၆ လုံးနဲ့တိုက်ခိုက်ခဲ့တာကြောင့် ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းများခဲ့တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။