myaelatt athan

Sharing Information to the Local

ကြံ့ခိုင်ရေးပါတီ ကျေးရွာစည်းရုံးရေးမှူး ၁ ဦးပစ်ခတ်ခံရလို့ သေဆုံး

0
0

ပဲခူး၊ ဒီဇင်ဘာ ၂၃၊ ၂၀၂၂။

ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်မြို့နယ်၊ ထုံးကြီးကျေးရွာ ရထားသံလမ်းအနီးမှာ ကြံ့ခိုင်ရေးပါတီ ကျေးရွာစည်းရုံးရေးမှူး ၁ ဦးပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၂၂ ရက်နေ့ နေ့လည် ၂ နာရီကျော်ခန့်မှာ ထုံးကြီးကျေးရွာ ကြံခိုင်ရေးပါတီစည်းရုံးရေးမှူး ဦးသက်မြင့်ဦး(ခ)ကိုဖိုးသက် အသက် ၄၅ နှစ်ကျော်ဟာ အင်းတကော်ဘက်ကနေ ထုံးကြီးကျေးရွာဘက်ကိုဆိုင်ကယ်နဲ့ပြန်လာစဥ် ရထားသံလမ်းအနားအရောက်မှာ ဆိုင်ကယ်နဲ့ လိုက်လာသူ အမျိုးသား ၂ ဦးက သေနတ်နဲ့ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“သူကထုံးကြီး အထကကျောင်း အာစရိယပူဇော်ပွဲအတွက် အင်းတကော်မှာ ဗွီနိုင်းထုတ်ပြီးပြန်လာတာ။ အဲဒါကိုအနောက်ကနေဆိုင်ကယ်နဲ့ လိုက်လာတဲ့သူတွေကအနီးကပ်သေနတ်နဲ့ပစ်သွားတာ။ နေရာမှာဘဲသေသွားတယ်”လို့ ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရလို့ ဦးသက်မြင့်ဦး(ခ)ကိုဖိုးသက်ဟာ ဦးခေါင်းနဲ့နောက်ကျောတွေမှာ သေနတ်ဒဏ်ရာတွေရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

အဲဒီပစ်ခတ်မှုကိုတော့ ဘယ်အဖွဲ့က ဘာကြောင့်ပစ်ခတ်ခဲ့တယ်ဆိုတာ မသိရသေးပါဘူး။

မတ်လ ၁၄ ရက်နေ့က အင်းတကော်မြို့နယ်၊ ကျောက်တန်းကျေးရွာက ​ကြံခိုင်ရေးပါတီဝင် ရာအိမ်မှူး ဦးမောင်သိန်းကို သူပိုင်ဆိုင်တဲ့ လက်ဖက်ရည်ဆိုင်အတွင်း အင်းတကော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့လို့ ဒဏ်ရာပြင်းစွာရခဲ့သေးတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။