myaelatt athan

Sharing Information to the Local

စစ်ကောင်စီအတွက် မိုင်းရှာတော်တဲ့ အုပ်ချုပ်ရေးမှူးတဦးထပ်မံရှင်းလင်းခံရ

0
0

မန္တလေး၊ ဒီဇင်ဘာ ၂၃၊ ၂၀၂၂။

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ညှောင်လေးပင်ကျေးရွာက စစ်ကောင်စီအတွက် မိုင်းရှာတော်တဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတဦး ဒီဇင်ဘာလ ၂၃ ရက်ဒီနေ့မနက် ၉ နာရီ ၃၅ မိနစ်မှာ ပစ်ခတ်ရှင်းလင်းခံရတယ်လို့ သိရပါတယ်။

စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး မင်းဆန်းဟာ ဒီနေ့မနက်မှာဆိုင်ကယ်နဲ့ထွက်လာစဉ် ငါန်းဇွန်-ငါန်းမြားလမ်းမကြီး တောင်ရွာဘိုရွာနဲ့ မြောက်ရွာဘိုလမ်းကြားမှာ YGYR-Youth Guerrilla Counter Revolution တပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ပါတယ်။

“သူကဆိုင်ကယ်စီးရင်အမြဲအမြန်စီးတာ ကျနော်တို့ကနောက်ကနေလိုက်ပစ်ရတာ။ သူ့ရဲ့ခေါင်းကို ၂ ချက်ပစ်လိုက်တယ်။ အဲဒီနေရာမှာပဲ ဆိုင်ကယ်ရောလူရောလဲသွားတယ်။ သူ့ကြောင့်ကျနော်တို့အဖွဲရဲ့ မိုင်း ၅ လုံးအပြင် အခြားသူတွေရဲ့မိုင်းလုံး ၃၀ လောက် စကစဆီပါသွားခဲ့ရတယ်” လို့ TGYR တပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

မင်းဆန်းဆိုသူဟာစစ်ကောင်စီတပ်ဖွဲ့တွေနဲ့ပေါင်းပြီး ရွာထဲကဒေသခံတွေကို လိုက်လံဖမ်းဆီးခိုင်းတာ၊ ဖမ်းဆီးထားတဲ့သူတွေကိုငွေကြေးတွေနဲ့ ပြန်လည်ရွေးချယ်ခိုင်းခြင်းမျိုးတွေကိုလည်း ပြုလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။

“သူကစကစတွေကိုခေါ်ပြီးဖမ်းခိုင်းတယ်။ သူ့ကြောင့်အဖမ်းခံရတဲ့သူကများတယ်။ တယောက်ဆိုသိန်းတရာလောက်ကုန်ခဲ့တယ်၊ နောက်တယောက်ကလည်း ၅၀ လောက်ကုန်ပြီ အခုထိမလွတ်သေးဘူး”လို့ တပ်ဖွဲ့ဝင်ကဆက်ပြောပါတယ်။

အလားတူငါန်းဇွန်မြို့နယ်၊ မင်းကြီးကြပ်ကျေးရွာက စစ်ကောင်စီအတွက်မိုင်းရှာဖွေရာမှာ အလွန်အားကိုးရသူတဦးဖြစ်တဲ့ ဟန်ဝင်း ကိုလည်း ပြီးခဲ့တဲ့ဒီဇင်ဘာ ၁၆ ရက်မှာ TGYR တပ်ဖွဲ့တွေက ပစ်ခတ်ရှင်းလင်းခဲ့ကြပါတယ်။

ဟန်ဝင်းနဲ့မင်းဆန်းတို့ဟာစစ်ကောင်စီအတွက် အတူတကွသတင်းပေးမိုင်းရှာပေးနေသူတွေပဲဖြစ်တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။